PR စနစ် လွှတ်တော်က တင်သွင်းခွင့် မပြု

  • 1 ဇူလိုင် 2013
khin aung myint
Image caption မီဒီယာကို ကြို ပြောလို့ ပယ်ချတာလို့ လွှတ်တော် နာယက ရှင်းပြ

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ လွှတ်တော်ကို တင်သွင်းတဲ့ မဲပေးသူ အရေအတွက် အပေါ် မူတည်ပြီး အမတ် အချိုးကျ ခွဲဝေတဲ့ PR ရွေးကောက်ပွဲ စနစ်ကို ပြည်ထောင်စု လွှတ်တော် နာယက က ပယ်ချ လိုက်တယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဥပဒေ မူကြမ်း တင်သွင်းခွင့် မရှိတာနဲ့ လွှတ်တော် မတင်ခင်မှာ မီဒီယာကို ကြို ပြောခဲ့ တာတွေကြောင့် ပယ်ချ တာလို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ရှင်းပြ ပါတယ်။

PR စနစ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေ ကလည်း ကန့်ကွက် ထားပါတယ်။

PR စနစ် ကို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ပယ်ချ တာက သုံးဖို့ သင့်တော် တယ် မသင့်တော်ဘူး အကြောင်းပြ ချက်မျိုး မဟုတ်ဘဲ လွှတ်တော် တင်သွင်းတဲ့ လုပ်ထုံး လုပ်နည်း မှားယွင်းတဲ့ အတွက် ပယ်ချတာမို့ အစိုးရ အဖွဲ့ သို့မဟုတ် လွှတ်တော် အမတ်တွေက ပြန်တင်ခွင့် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ