သံတွဲမှာ တည်ငြိမ် လာ

  • 1 ဇူလိုင် 2013
 rakhine
Image caption ရခိုင် ပဋိပက္ခ တွေအတွင်း အိုးအိမ် ဖျက်ဆီးမှုတွေ ဖြစ်ပွား

တနင်္ဂနွေ နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် သံတွဲမှာ လူစု လူဝေး မလုပ်ဖို့နဲ့ ညမထွက်ရ ဒေသန္တရ အမိန့်ကို သက်ဆိုင်ရာ က ထုတ်ပြန် ခဲ့ပါတယ်။

တနင်္လာနေ့မှာ သံတွဲ အခြေအနေ တည်ငြိမ်တယ်လို့ သံတွဲ ရဲစခန်း တာ၀န်ကျ ရဲအရာရှိက ပြောပါတယ်။

မတရား ပြုကျင့်သူ တွေလို့ စွပ်စွဲခံရသူ နှစ်ဦးကို ခေါ်ယူ စစ်ဆေးတုန်း လို့လည်း သိရပါတယ်။

လူထု အကြား မှာတော့ စိုးရိမ်မှုတွေ ရှိနေပြီး မွတ်ဆလင် တချို့ ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာ သွားကြတာ ရှိတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

သံတွဲမှာ အရင်က ခုလို ကြီးကြီးမားမား တိုက်ခိုက်မှု မရှိခဲ့ ပေမယ့် သံတွဲနဲ့ ကပ်နေတဲ့ တောင်ကုတ်မှာ မနှစ်က လူအုပ်နဲ့ တိုက်ခိုက် မှုကြောင့် အစ္စလာမ် ဘာသာဝင် ဆယ်ဦး သေဆုံး ခဲ့ရတဲ့ အတွက် ပြဿနာတွေ ပိုကြီး မသွားအောင် အာဏာပိုင် တွေက ရခိုင် ပြည်နယ် တခုလုံးမှာ လုံခြုံရေး အထူး သတိထား ဆောင်ရွက် နေတယ်လို့ သိရပါတယ် ။

တနင်္ဂနွေ နေ့က သံတွဲမှာ ရခိုင် အမျိုးသမီး တဦးကို မူဆလင် ဘာသာ၀င် နှစ်ဦးက မတော် မတရား ပြုကျင့်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် လာပြီးနောက် တိုက်ခိုက်မှု တွေနဲ့ အတူ အိမ်တချို့ မီးရှို့ ခံရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ