ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ

  • 1 ဇူလိုင် 2013
Image caption Above the Law အမှတ်တံဆိပ်

ပြီးခဲ့တဲ့ ဇန်န္နဝါရီလ တုန်းက အင်တာနက် စာမျက်နှာ ပေါ်မှာ ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုတဲ့ ရှာပုံတော်ကြီး ဟာ ဘယ်သူမှန်း မဖော်ထုတ်နိုင်ဘဲ ကော်မရှင်က မနေ့က ပြည်ထောင်စု လွှတ်တော်မှာ အဆုံးသတ် လိုက်ပါပြီ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လတုံး ကတော့ ဒေါက်တာ ဆိတ်ဖွားကို စုံစမ်း ဖော်ထုတ်ဖို့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကော်မရှင်က ဒေါက်တာ ဆိတ်ဖွား ဘယ်သူ ဆိုတာကို ဖော်ထုတ်နိုင်ပြီ ၊ ဒါကို ပထမအကြိမ် လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး များတွင် ကြေညာမယ်လို့ ကော်မရှင်က ဇွန်လ တုန်းက ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ ကြေညာ နိုင်ခဲ့ ခြင်းတော့ မရှိပါဘူး၊ ဒီတော့ လွှတ်တော်မှာ စုံစမ်း စစ်ဆေးခံရပြီး သူဟာ ဒေါက်တာ ဆိတ်ဖွား ပါလို့ မှားစွပ်စွဲ ခံရသူ တွေထဲမှာ ပါဝင်တဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးရဲ ထွဋ်ကို မေးကြည့်တော့

ဒေါက်တာဆိတ်ဖွားကို ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး အရေးယူဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဖေဖော်ဝါရီလ အတွင်း ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့တာ ဖြစ်ပြီးတော့ ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ဖို့ အစိုးရ ဝန်ကြီးဌာနများမှ အကြီးတန်း အရာရှိ ခြောက်ဦးနှင့် ပုဂ္ဂလိက သတင်းဂျာနယ်များမှ အယ်ဒီတာချုပ် ခုနစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ ပါတယ်။

အင်တာနက် ပေါ်ကနေ ဒီလို လွှတ်တော်ကို ဝေဖန်တာကို မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော် ရေးသားမှုကို လွှတ်တော်က ဟန့်တားတာ ဖြစ်နိုင်သလို ၊ လွှတ်တော်ကို စာနယ်ဇင်း လောက က ဝေဖန်မှု မပြုလုပ်ရဲအောင် ခြိမ်းခြောက်မှု တစ်ခုလို့ နိုင်ငံရေး အကဲခတ် တွေက ရှုမြင် ဝေဖန်မှု တွေရှိနေပါတယ်။