သံတွဲမှာ မတည်ငြိမ်သေး

  • 2 ဇူလိုင် 2013
rakhine
Image caption သံတွဲမှာ အနည်းဆုံး ၁ဝ အိမ် ကျော် ဖျက်ဆီး ခံရ

သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး တနင်္ဂနွေ နေ့ ကတည်းက ညမထွက်ရ အမိန့် ထုတ်ထား ပေမယ့် တနင်္လာ နေ့ ညက နောက်ထပ် အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

မကျေနပ်တဲ့ လူအုပ်က မွတ်ဆလင် အိမ်ကို မီးရှို့ သွားတာ ဖြစ်ပြီး ဖမ်းဆီး တာတွေ မရှိဘူးလို့ သံတွဲ ရဲစခန်း တာဝန် ရှိသူ တဦး က ပြောပါတယ်။

အာဏာပိုင် တွေက လုံခြုံရေးတွေ တင်းကျပ် ထားပေမယ့် လူထု အတွင်း မှာတော့ စိုးရိမ်မှုတွေ ဆက်ရှိ နေတယ်လို့ သိရပါတယ်။

ကျောင်းတွေ ဖွင့်ထား ပေမယ့် ကျောင်းသား အများစု ကျောင်းမတက် ကြသလို ဈေးတွေလည်း ခဏာလေး ဖွင့်ပြီး ပြန်ပိတ် သွားတယ်လို့ သံတွဲ ရခိုင် လူမှုကွန်ယက် က ကိုစိန်ချစ်က ပြောပါတယ်။ အခုအချိန်ထိ သံတွဲမှာ ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင် နှစ်ဘက်စလုံး အနည်းဆုံး ၁ဝ အိမ် ကျော် ဖျက်ဆီး ခံခဲ့ရပြီး အိမ် ၄ လုံး လုံးဝ လောင်ကျွမ်း သွားတယ် လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ