ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်ကို သွားမယ်

  • 2 ဇူလိုင် 2013
Image caption ထိုင်း တော်ဝင် မင်းသမီး သီရိဒုံ

ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာ နိုင်ငံကို တစ်ရက်ကြာခရီး သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Chulachomklao Royal Academy တော်ဝင် စစ် တက္ကသိုလ်ရဲ့ သမိုင်း ဌာန ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မင်းသမီး သီရိဒုံက အဲဒီ တက္ကသိုလ်က ဗိုလ်လောင်း တွေကို လေ့လာရေး ခရီး ခေါ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်ခိုက်မှာ မင်းသမီးသီရိဒုံဟာ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး သမိုင်းဝင် နေရာ တချို့ကိုလည်း သွားရောက် လေ့လာမယ်လို့ သိရ ပါတယ်။

အခု တကြိမ်ဟာ လက်ရှိ မြန်မာ အစိုးရ သစ် တက်လာပြီးတဲ့နောက် မင်းသမီး သီရိဒုံရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။