မြန်မာအမျိုးသမီးများနေ့ နဲ့လူ့အခွင့်အရေး

  • 3 ဇူလိုင် 2013
_violence_against_women
Image caption အကြမ်းဖက်မှု မှ ကာကွယ်ရေးလိုအပ်

ဇူလိုင်လ ၃ ရက်နေ့ ဟာ မြန်မာနိုင်ငံ ရဲ့ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ် ထား ခဲ့ပါတယ်၊၊ ပြည်ပ အဖွဲ့အစည်းတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် ဟာ မြန်မာနိုင်ငံ ရဲ့ အမျိုးသမီးများနေ့ ဖြစ် ပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အပြောင်းအလဲ တွေ ကြောင့် အမျိုးသမီးတွေ ဘဝ တိုးတက်မှု ရှိမရှိ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။

ပြည်ပ အခြေစိုက် မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) မှ ဒေါ်တင်တင်ညို ကတော့ ပြည်တွင်းမှာ အရင်ကထက် စာရင် အမျိုးသမီး အချင်းချင်း တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် တွေ ရှိလာပေမယ့်၊ မြို့တွေမှ ပိုတွေ့ရပေမယ့် နယ်တွေမှာ နိုင်ငံရေး အရဖြစ်စေ၊ လှုပ်ရှားမှု အရ ဖြစ်စေ၊ အမျိုးသမီးတွေ ပါဝင် ဖို့ မဝန့်မရဲ ဖြစ်နေကြောင်း ပြောပါတယ်။

အမျိုးသမီး ရပိုင်ခွင့် အခွင့်အရေး လည်း မသိကြသေး၊ အကြမ်းဖက် ခံရရင် လည်း ဘယ်တိုင်လို့ တိုင်ရမှန်း၊ အကာအကွယ် ဘယ်လို တောင်းခံ ရမှန်း မသိကြသေး ကြောင်း ရှင်းပြပါတယ်။ လက်ရှိ ဥပဒေ က အမျိုးသမီးတွေ ကို အာမခံချက် ပေးဖို့ နည်းနေသေးတဲ့ အကြောင်း၊ ဒါကြောင့် လွှတ်တော် မှ အမျိုးသမီး ကိုယ်စားလှယ်တွေ ရဲ့ အားကို ယူပြီး ဥပဒေ ပြုရေး၊ ပြင်ဆင်ရေးတွေ လုပ်ဖို့ လိုအပ် တဲ့ အကြောင်း ပြည်ပ အခြေစိုက် မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) မှ ဒေါ်တင်တင်ညို က ဘီဘီစီ ကို ရှင်းပြပါတယ်။