NDF ပါတီ က အခြေခံဥပဒေပြင်ရေးပြင်ဆင်ပြီး

  • 4 ဇူလိုင် 2013
_bbc_soldiers_
Image caption လွှတ်တော်တက် တပ်မတော်အရာရှိများ

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ က အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် သူတို့ပါတီ က ပြင်ဆင် ဆောင်ရွက်မှုတွေ ပြီးစီးသွားပြီ လို့ ဆိုပါတယ်။ အဓိက ပြင်ဆင် လိုတဲ့ အချက်တွေ ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ကို ကာကွယ်ရေး ဦးစီးချုပ် က ရွေးချယ်မယ့် အစား တပ်မတော်သားတွေ ကိုယ်တိုင်ရွေး တဲ့ ကိုယ်စားလှယ်ဖြစ်ရေး လည်း ပါဝင် ပါတယ်။

တပ်မတော်ဟာ အမျိုးသား နိုင်ငံရေး မှာ ပြည်သူလူထုရဲ့ ဆန္ဒ အရ ပါဝင်တယ် ဆိုတာကို ပြင်ဆင်ထားကြောင်း၊ ဒီမိုကရေစီ အခြေခံ ဥပဒေ အရ တပ်မတော် ဟာ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ အစဉ်တစိုက် ပါရမယ် ဆိုတဲ့ အချက် ကိုလည်း လျှော့ချဖို့ လိုကြောင်း၊ ပြည်သူ့ဆန္ဒ အရသာ ဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဟာ တခြား လွှတ်တော် ကိုယ်စားလှယ်များ နည်းတူ တပ်တွင်း၊ စစ်ဌာနချုပ် က ရွေးကောက် တင်မြှောက်သူ ဖြစ်သင့်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် က ပေးတဲ့ စာရင်း အတိုင်း မဟုတ်ဘဲ တပ်မတော်သား အများက လိုလားတဲ့၊ အခွင့်အရေး အရာမှာ တန်းတူဖြစ်ရမယ် ဆိုတဲ့ သဘော ဆောင်ပြီး သတ်မှတ် သင့်ကြောင်း လည်း ဦးခင်မောင်ဆွေ က ရှင်းပြပါတယ်။

လွှတ်တော် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်း ရာမှာ ကြံ့ခိုင်ရေး ပါတီ က လူ ၅ဝ၊ တပ်မတော် ကိုယ်စားလှယ် က ၂၅ ယောက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၇ ယောက်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု က တယောက် ပဲ ဖြစ်တဲ့ အတွက် လွှတ်တော် က သတ်မှတ်တဲ့ ကိစ္စကို ဝင် စွက်ဖက်ဖို့ ခက်ခဲကြောင်း လည်း ဦးခင်မောင်ဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ