NBF တိုင်းရင်းသား ၁၅ ပါတီ ဆွေးနွေးပွဲ

  • 6 ဇူလိုင် 2013
_bbc_304x171_
Image caption တိုင်းရင်းသား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်း အမျိုးသားများပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဝ,ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်း အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ စတဲ့ တိုင်းရင်းသား ပါတီ ၁၅ ခု နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်း NBF က ဦးစီးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဒီနေ့ နဲ့ မနက်ဖန် နေပြည်တော် မှာ ကျင်းပမှာပါ။

NBFက မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ဖယ်ဒရယ်စံနစ် ဆိုင်ရာ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ပြင်ဆင်ရေး တွေ ကို လွှတ်တော်ထဲရှိ တိုင်းရင်းသား အမတ်တွေ၊ နိုင်ငံရေး ပါတီ အမတ်တွေ ကို ပင်တိုင်ထားပြီး ပညာရှင်တွေ နဲ့ ပူးပေါင်း ယင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမယ့် အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တက်မယ့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ဘီဘီစီ ကိုပြောပါတယ်။

တိုင်းရင်းသား အမတ်တွေ စဉ်းစား နေကြတဲ့ အချက်ထဲမှာ တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေ လည်း ပါဝင်ပုံ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပြင်ဆင်ရေး ဟာလည်း ပြည်ထောင်စုကြီး တည်တံ့ ဖို့ အရေးကိစ္စ ထဲ ပါဝင်နေလို့ NLD က ခေါင်းဆောင်တွေ အပါအဝင် တခြား ဒီမိုကရေစီ အဖွဲ့တွေ လည်း ပြောနေတဲ့ ကိစ္စ မို့၊ ဒီမိုကရေစီ ဘောင်ထဲ ကနေ၊ ဘယ်လို အခန်းကဏ္ဍ က ပါဝင်ကြ မယ့် အရေး၊ တိုင်းရင်းသားတွေ ရသင့် ရထိုက်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ သယံဇာတ ခွဲဝေရေး စတာတွေ ပါ ဆွေးနွေးကြမယ့် အကြောင်း ဦးဦးလှစော က ဘီဘီစီ ကို ရှင်းပြပါတယ်။