NBF တိုင်းရင်းသား ၁၅ ပါတီ ဆွေးနွေးပွဲ

  • 9 ဇူလိုင် 2013
bbc_ethnic2_304x171_bbc
Image caption တိုင်းရင်းသား ဆွေးနွေးပွဲ

ပါတီ ၁၅ ခု နဲ့ ဖွဲ့စည်း ထားတဲ့ ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်း က ဦးစီးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ သီတင်းပတ် ကုန်က နေပြည်တော် မှာ ကျင်းပ ခဲ့ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရာမှာ တိုင်းရင်းသား အခွင့်အရေး တွေ ကာကွယ်ရေး ပါဝင်ကြောင်း၊ လွှတ်တော် မှာ သုံးသပ်ရေး ကော်မတီ ဖွဲ့ထားလို့ ပြင်ဆင်ခွင့် ရရှိရေး အလှမ်းဝေး နေကြောင်း မူဆယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ က ဦးစိုင်းဖိုးအောင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။

တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် စံနစ် ဆိုရာမှာ လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပြည်နယ် ဖွံ့ဖြိုးရေး အပိုင်းတွေ မှာ ပြည်နယ် ပြည်မ မခွဲခြားဘဲ တန်းတူ အခွင့်အရေး တွေ ရရှိရေး စတာတွေ လည်း အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပါဝင်ကြောင်း သိရပါတယ်။

အထက်ပါ လိုလားချက်တွေ ကို တိုင်းရင်းသား ၁၅ ပါတီ အားလုံးနီးပါး က သဘောတူ ကြောင်း၊ ဖယ်ဒရယ် ဆိုတဲ့ စကားလုံး ဟာ လည်း လွှတ်တော်ထဲ မှာပဲ ကျယ်ကျယ် လောင်လောင် ကြားရတဲ့ အနေအထား ရှိလို့ လွှတ်တော်က တင်သွင်း မှသာ အစိုးရ အဖွဲ့ အနေနဲ့ တုံ့ပြန်နိုင်ဘွယ် ရှိမယ် လို့ ခန့်မှန်းနိုင်ပုံ ကို မူဆယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ က ဦးစိုင်းဖိုးအောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ