လက်ပန်းတောင်း စီမံကိန်း ဒေသခံ သဘောထား

  • 8 ဇူလိုင် 2013
letpadaung
Image caption ကျေလည်အောင် ဆွေးနွေးပြီး စီမံ ကိန်း ကို လက်ခံသင့်က လက်ခံမယ်

လက်ပန်းတောင်း စီမံကိန်း လုံးဝ ဖျက်သိမ်းရေး တောင်းဆို နေကြတဲ့ ဒေသခံ လှုပ်ရှားသူ တွေ က ဒေါ် အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော် မရှင် အစီရင်ခံစာ ကို အပြည့် အဝ အကောင် အထည် ဖော်ပေးရင် စီမံ ကိန်း ကို လက်ခံမယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၈ ရက် မနက်က မုံရွာ တဘက်ကမ်း ဆားလင်းကြီး မြို့နယ် ကံကုန်းရွာ သတင်းစာ ရှင်းလင်းပွဲ မှာ ဒေသခံ တွေနဲ့ ကျေလည် အောင် ဆွေးနွေးဖို့၊ ဖွံ့ဖြိုး တိုးတက်မှု တွေ ရှိလာရင် လက်ခံသင့်က လက်ခံမှာ ဖြစ်ကြောင်း ဝက်မှေး က မ သွဲ့သွဲ့ဝင်းက ပြောပါတယ် ။

အကောင် အထည် ဖော်သူ တွေက ဝမ်ပေါင် ဘက်ကို ကာကွယ်ပြီး လုပ်နေတယ်၊ ပွင့်လင်း မြင်သာမှု မရှိဘူး၊ အစီရင် ခံစာ အတိုင်း လုပ်ကိုင်တာ မတွေ့ ရရင် စီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှု တွေ ဖြစ်လာနိုင်တယ် လို့လည်း မ သွဲ့သွဲ့ဝင်းက ပြောပါတယ် ။

သတင်းစာ ရှင်းလင်းပွဲကို စီမံကိန်း မြေထဲက မပြောင်းဘဲ ကျန်နေတဲ့ ဝက်မှေး ၊ တုံ ၊ ဆည်တဲ စတဲ့ ရွာတွေ အပြင် စံပယ်တောင် စီမံ ကိန်း လုပ်ခဲ့တဲ့ ဒုံးတော ၊ ကံ ကုန်း စတဲ့ ရွာ တွေ ကလည်း တက်ရောက်ခဲ့ ကြပါတယ် ။

ဒေသခံ များက ကော် မရှင် အစီရင် ခံစာကို လက်ခံလာတယ် ဆိုပေမယ့် အစီရင်ခံစာ အကောင် အထည် ဖော်မှုတွေ ရပ်ဆိုင်းနေတယ် လို့လည်း တုံရွာသစ်က ကိုဌေးအောင် က ပြောပါတယ် ။

မေလ ဆန်းက လက်ပံတောင်းတောင် ဒေသမှာ ထွန်တုံး တိုက်ပွဲ ဝင်ရင်း နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ အချင်းများလို့ ဖမ်းဆီး ခံရတဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက် က ကိုအောင်စိုး အပါအဝင် ဒေသခံ ၂ ယောက် ကိုလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ ရက်မှာပဲ ရွှေဘိုခရိုင် တရားရုံးက ထောင်ဒဏ်တွေ ချမှတ် လိုက်ပါတယ်။

ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးကို အမှု ၁၁ မှုနဲ့ ထောင်ဒဏ် ၁၁ နှစ်ခွဲ ချလိုက် သလို ဒေသခံ ၂ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ် လိုက်တယ်လို့ သိရပါတယ်။

ပြုလုပ်မှု တခု ထဲကို ပုဒ်မ အများကြီး တပ်ပြီး အကျဉ်းရုံး ပြစ်ဒဏ် ချမှတ် ခဲ့တာမို့ အထက် ရုံးတွေမှာ အယူခံ ဝင်မယ် လို့လည်း သူတို့ အမှုလိုက် ရှေ့နေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ