ရန်ကုန်မှာ လျှပ်စစ် စက်ရုံ ၃ ခု တည်ဆောက်မယ်

  • 8 ဇူလိုင် 2013
Image caption နိုင်ငံခြားက တင်သွင်းမယ့် LNG သဘာဝ ဓါတ်ငွေ့ရေကို အသုံးပြုပြီး ဒီစက်ရုံတွေကို လည်ပတ်မယ်

ရန်ကုန်မှာ လျှပ်စစ် ဓါတ်အား ၅ဝဝ မဂ္ဂါဝပ် ထုတ်လုပ် နိုင်တဲ့ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၃ ရုံ တည်ဆောက်မယ့် စီမံကိန်း စတင် နေပြီ ဖြစ်ပါတယ်။

နိုင်ငံခြားက တင်သွင်းမယ့် LNG သဘာဝ ဓါတ်ငွေ့ ရည်ကို အသုံးပြုပြီး ဒီစက်ရုံတွေကို လည်ပတ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လာမယ့်နှစ် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁ဝဝဝ လောက် လိုအပ် နေပြီး မြန်မာ နိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့ အပြည့် အဝ ရရှိဖို့ အခက် အခဲ ရှိတာ ကြောင့် အရည်လုပ် ထားတဲ့ သဘာဝ ဓါတ်ငွေ့ကို နိုင်ငံခြားက တင်သွင်းပြီး ဒီစက်ရုံတွေ အတွက် သုံးမှာ ဖြစ်တယ်လို့ ရန်ကုန် တိုင်း လျှပ်စစ် ဖြန့်ဖြူး ရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရှင်းပြ ပါတယ်။

ပြီးခဲ့တဲ့ ရက်က လည်း မော်လမြိုင်မှာ မုတ္တမ ပင်လယ်ကွေ့က ထွက်ထဲ့ သဘာဝ ဓါတ်ငွေ့ သုံးပြီး လည်မယ့် မဂ္ဂါဝပ် ၃ဝဝ ကျော် လျှပ်စစ်ရုံ တလုံး တည်ဆောက် ဖို့ အုတ်မြစ် ချခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မဂ္ဂါဝပ် ၂ဝဝဝ ကျော် လိုအပ် နေတယ်လို့ လျှပ်စစ် ဝန်ကြီး ဌာနက ခန့်မှန်းထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ