မြန်မာ ပြည်တွင်းပဋိပက္ခ အစိုးရ သတင်းစာရှင်း

  • 9 ဇူလိုင် 2013
Image caption ဗုဒ္ဓဂါယာ ဗုံးပေါက် ကွဲမှုဟာ မြန်မာ နိုင်ငံက အဖြစ် အပျက်တွေ ကူးစက် သွားတာ မဟုတ်

မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေ၊ တခြား တိုင်းပြည် တွေကို ပြန့်သွား တယ်လို့ မယူဆ ကြောင်း မြန်မာ အစိုးရက ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ သံတမန် တွေနဲ့ သတင်းထောက် တွေကို အစိုးရ ဝန်ကြီးတွေက တွေ့ဆုံ ရှင်းလင်း ရာမှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က ပြောကြား သွားခဲ့ တာပါ။

ဗုဒ္ဓဂါယာမှာ ဖြစ်တဲ့ ဗုံးပေါက်ကွဲမှု လိုကိစ္စ တွေဟာ မြန်မာ နိုင်ငံက အဖြစ် အပျက်တွေ ကူးစက် သွားတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် ရခိုင် ပြည်နယ်မှာ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးတွေနဲ့ အစိုးရက ဘင်္ဂါလီတွေလို့ သတ်မှတ်တဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို လောလော ဆယ်၊ သီးခြား စီ ခွဲထားဖို့ လိုအပ် နေပြီး ပြန်လည် ပေါင်းစည်းရေး အတွက် အချိန်ယူ ရလိမ့်မယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် မွတ်ဆလင်တွေကို သွားလာခွင့် ကန့်သတ် ထားတာ မရှိပါဘူးလို့ ရခိုင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကလည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ