အိန္ဒိယရောက် မြန်မာရေလုပ်သားတွေ ပြည်တော်ပြန်

  • 10 ဇူလိုင် 2013
Image caption နှစ် ၂၀ အတွင်း ပို့ဘလဲ ကျွန်းရောက် မြန်မာ လုပ်သား ပေါင်း ၈၀ဝ၀ ခန့် ကို ပြန်လည် ခေါ်ယူ ပြီးပြီ

အိန္ဒိယ နိုင်ငံ ပို့ဘလဲမှာ ထောင်ကျ နေခဲ့ရတဲ့ မြန်မာ ရေလုပ်သား ၁၂၀ ကျော်ဟာ နှစ်နိုင်ငံ အစီ အစဉ်နဲ့ မြန်မာ နိုင်ငံကို ဇွန်လ ၁၀ ရက်နေ့ က ပြန်လည် ရောက်ရှိ လာ ကြပါတယ်။

သူတို့ တတွေဟာ သဘာဝ ဘေးအန္တရာယ် ကြောင့် ပင်လယ်တွင်း မျောပါရာ ကနေ အိန္နိယ ရေတပ် ရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထောင်ချ ခံခဲ့ ရသူတွေ ဖြစ်ကြ ပါတယ်။

အခု ပြန်ရောက် လာကြ သူတွေ ထဲက တချို့ဟာ ထောင်လွတ်ရက် စေ့ပေမဲ့လည်း လာခေါ် မယ့်သူ မရှိလို့ နှစ်နဲ့ ချီပြီး စောင့်နေခဲ့ ရသူ တွေ ဖြစ်ကြ ပါတယ်။ တချို့လည်း အိန္ဒိယ ရေပိုင်နက် ထဲမှာ ငါးဖမ်းလို့ အဖမ်း ခံရတဲ့ သူတွေ ဖြစ်ကြပါတယ်။

ဧရာဝတီတိုင်း ငပုတော မြို့နယ်က ကိုမြင့်စိန် ဟာ ဆိုရင်၊ သူ့အိမ်က ၄ နှစ် ကြာ အဆက် အသွယ် မရလို့ ဆုံးပြီ အထင်နဲ့ ဆွမ်းသွတ် ထားပြီး ဖြစ်တယ် လို့ အသက် ၈၀ ရှိပြီ ဖြစ်တဲ့ သူ့ အမေက ပြောပါတယ်။

ပြန်ရောက် လာသူ အများစု ဟာ ဧရာဝတီ တိုင်း က ၉၉ ဦး နဲ့ အများ ဆုံးဖြစ်ပြီး ရခိုင်၊ မွန်၊ တနင်္သာရီ နဲ့ ရန်ကုန်က လူတွေလည်း ပါဝင်ကြ ပါတယ်။

မြန်မာ အစိုးရ ရဲ့ စာရင်းတွေ အရ နှစ် ၂၀ အတွင်း ပို့ဘလဲ ကျွန်းရောက် မြန်မာ လုပ်သားပေါင်း ၈၀ဝ၀ ခန့် ကို ပြန်လည် ခေါ်ယူပြီး ပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ