စစ်တပ်က မြေသိမ်းမှု စိစစ်ပြီး ပြန်ပေးတော့မယ်

  • 11 ဇူလိုင် 2013
စပါးစိုက်ပျိုးဖို့ လယ်ကွင်းအတွင်း ပျိုးနှုတ်နေစဉ်
Image caption စပါးစိုက်ပျိုးဖို့ လယ်ကွင်းအတွင်း ပျိုးနှုတ်နေစဉ်

မြန်မာနိုင်ငံမှာ လယ်မြေ အသိမ်း ခံရတာတွေကို ပြန်ပေးရေး အမြန်ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးလျက် ရှိပါတယ်။ အခုအခါ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေကို စစ်တိုင်းကြီး ၁၄ခုမှာ ပြန်စိစစ်နေရာ တိုင်း၇ခု ပြီးသွားပြီလို့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အားလုံး စိစစ်ပြီးရင် ဘယ်ဟာကို ပြန်ပေးမယ် ဘယ်ဟာကို ပြန်လျော်မယ်ဆိုတာ သိရတော့မယ်လို့ သူကဆက်ပြောပါတယ်။ အခုတပ်သိမ်းမြေတွေကို စိစစ်ပြီး လယ်သမားဘက်က မှန်ရင် ပြန်ပေးတော့မှာဖြစ်ပါတယ်။ တပ်ပိုင်မြေနဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါရင်တော့ ကာလ ပေါက်စျေးတိုင်းလျော်မှာ ဖြစ်ပါတယ်။

တပ်ပိုင်မြေ ပြင်ဘက် သက်သာချောင်ချိရေးအတွက်သိမ်းတဲ့ မြေဆိုရင်လည်းလယ်သမားတွေနဲ့ ညှိပြီးလျော်ကြေးပေးမှာဖြစ်ပါတယ်။ အခုလွှတ်တော်အမတ် ၄၅ယောက်က ဆွေးနွေးပြီး ကာကွယ်ရေးဝန်ကြီးက ပြန်ဖြေကြားတဲ့အခါမှ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ အတိအကျသိရမှာ ဖြစ်ပါတယ်။

ကုမ္ပဏီသိမ်း မြေတွေ ရထားလမ်း ကားလမ်းဖေါက်လို့သိမ်းတာတွေကိုလည်း နောက်တဆင့်မှာ စုံစမ်း စိစစ်သွားမယ်လို့ ဦးသိန်းထွန်းကပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ