ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ

  • 11 ဇူလိုင် 2013
bbc_security
Image caption ရန်ကုန် လုံခြုံရေး တင်းကျပ်

အိန္ဒိယ နိုင်ငံ ဗုဒ္ဒဂါယာ မှာ ဗုံးပေါက်ကွဲမှု တွေ ဖြစ်ပွား အပြီး ရန်ကုန်မြို့မှာ လုံခြုံရေး တွေ တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်။ အခု အတောအတွင်းမှာ လှိုင်သာယာ နဲ့ ပဲခူးမှာ ဗုံးလန့်တဲ့ ကိစ္စ၊ ရဟန်းယောင်ဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးဖမ်းမိတဲ့ အကြောင်းတွေ သတင်းစာတွေ ထဲမှာ ဖေါ်ပြခဲ့ပါတယ်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ စီမံရေး နဲ့ လေ့ကျင့်ရေး ဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးဦးဝင်းခေါင် က ဘီဘီစီ ကို ပြောပြရာမှာ လေဆိပ်မှာ လေကြောင်းရဲ က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသလို တခြား နေရာတွေ မှာ လည်း သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က သီးခြား တာဝန်ယူ ဆောင်ရွက်နေကြောင်း ရှင်းပြပါတယ်။

လှိုင်သာယာ၊ ပဲခူးဘက် ဗုံးလန့်တယ် ဆိုရုံ နဲ့ လုံခြုံရေး ချတာ မဟုတ်ဘဲ သတိရှိကြဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ မလိုလား အပ်ပဲ၊ လူတွေ အသေအပျောက် မဖြစ်အောင်၊ ပြုလုပ်တဲ့ ရည်ရွယ်ချက် လို့လည်း ရှင်းပြပါတယ်။

ရန်ကုန်မြို့တွင်း ဧည့်စါရင်း တိုင်ရေး ပြောရာမှာလည်း မူလ ကတည်းက ရှိပြီးသား စည်းကမ်းချက် သာ ဖြစ်ကြောင်း၊ ဖြစ်လာတဲ့ အခြေအနေ ပေါ် မူတည်ပြီး အမိန့် နဲ့ ညွှန်ကြားချက် အတိုင်း လေးလေး နက်နက် ဆောင်ရွက်နေကြတဲ့ အကြောင်း ကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ စီမံရေး နဲ့ လေ့ကျင့်ရေး ဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးဦးဝင်းခေါင် က ဘီဘီစီ ကို ပြောပါတယ်။