၂၀၁၄ အာဆီယံဥက္ကဌ အတွက် အသင့် ပြင်ဆင်နေ

  • 12 ဇူလိုင် 2013
Asean
Image caption အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူဖို့ ကြိုတင်ပြင်ဆင်နေရာမှာ ရုပ်ပိုင်းဆိုင်ရာတွေမှာ အဆင့်သင့် ဖြစ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံက အဆောက်အအုံတွေ၊ လမ်းတွေ၊ လေယာဉ်ကွင်းတွေကို ကြည့်ရင် လက်ခံကျင်းပဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောနိုင်ကြောင်း၊ ဒါပေမယ့် ရှိရင်းစွဲ အဆောက်အအုံတွေ အပြင် တချို့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကလည်း ဒီနှစ်ကုန်ဆိုရင် ပြီးစီးမှာ ဖြစ်ကြောင်း အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မြို့မှာ သောကြာနေ့ကစလို့ ၂ ရက်ကြာ ကျင်းပနေတဲ့ အာဆီယံနဲ့ မြန်မာ အကြောင်း ဆွေးနွေးပွဲအတွင်း ဦးအောင်လင်းက ပြောတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Hanns Seidel Foundation ဂျာမန် အန်ဂျီအို အဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပနေပါတယ်။

ဒီလို ဆွေးနွေးပွဲ လုပ်ရတာကလည်း ပြည်သူတွေ သိလာဖို့ လိုအပ်တဲ့ အတွက် ကျင်းပတာ ဖြစ်ကြောင်းလည်း ဦးအောင်လင်းက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကြီးတွေနဲ့ အတူ အများပြည်သူထဲက စိတ်ဝင် စားသူတွေလည်း အားတက်သရော ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ မှာ ပေါ်ထွန်းလာမယ့် အာဆီယံ အသိုက်အဝန်းကြီးအတွင်း ပါဝင်နိုင်ငံရေးအတွက် ကြိတင်ပြင်ဆင်ထားဖို့လည်း အရေးကြီးတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ