ကင်မရွန်း ဦးသိန်းစိန်ကို ဘာတွေ ပြောမလဲ

  • 12 ဇူလိုင် 2013
cameron thein sein
Image caption မြန်မာ သမ္မတနဲ့ တွေ့ခဲ့ဖူးတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း

မြန်မာ သမ္မတ ဦးသိန်းစိန် တနင်္လာ နေ့မှာ ဗြိတိန်ကို ရောက်လာ တော့မှာပါ။

ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း ပထမဆုံး ဗြိတိန် ကို လာရောက်မယ့် မြန်မာပြည် အကြီးအကဲ ခရီးစဉ် လည်း ဖြစ်ပါတယ်။

ဒီ ခရီး မတိုင်ခင်မှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဦးသိန်းစိန်နဲ့ တွေ့ဆုံရင် မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆွေးနွေးပြောဆို မှာ ဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲ တွေမှာ ကချင်နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေနဲ့ ပတ်သက်ပြီး ပူပန် စိုးရိမ်မှုတွေနဲ့ အတူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး ကိစ္စ၊ ကျင့်ဝတ် လိုက်နာ မှု ရှိတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု အကြောင်း တွေကို ဆွေးနွေး သွားမယ်လို့ ကင်မရွန်းက လေဘာပါတီ အမတ်တွေရဲ့ မေးမြန်းမှု ကို ဖြေကြား ခဲ့ပါတယ်။

မြန်မာပြည်က ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် ပြုမူ ဆက်ဆံပုံ တွေနဲ့ ပြည်တွင်း က အခြေပျက် ရွှေ့ပြောင်း နေရတဲ့ ဒုက္ခသည် တွေ အတွက် ရိက္ခာ ပေးပို့မှု အခက်အခဲ တွေ၊ သူတို့ ကြုံတွေ့ နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု တွေ အကြောင်း ဦးသိန်းစိန် ကို ပြောဖြစ် မှာလား လေဘာ အမတ် တွေက ဗြိတိသျှ ဝန်ကြီးချုပ် ကို မေးမြန်း ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ