UWSA နဲ့ အစိုးရ သဘောတူညီချက် ရ

  • 13 ဇူလိုင် 2013
Image caption UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ တွေမှာ အင်အား အတောင့်တင်းဆုံး အဖွဲ့ ဖြစ်ပါတယ်

၀ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နဲ့ မြန်မာ အစိုးရ အကြား သဘော တူညီချက် တချို့ကို သောကြာနေ့က လက်မှတ် ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့မှာ ဇွန်လ ၁၂ ရက်နေ့က ပြု လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူ ညီချက် ၅ ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲဒီ သဘော တူညီချက် ထဲမှာ ထာဝရ ငြိမ်းချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ တပ်ပိုင်း ဆိုင်ရာ ညှိနှိုင်း ဖြေရှင်းဖို့၊ ခွဲထွက်ရေး ကိစ္စတွေ မလုပ်ဖို့ စတဲ့ အချက် တွေ လည်း ပါဝင် ပါတယ်။

ဆွေးနွေး ပွဲကို အစိုးရ ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ က ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ UWSA ဘက် ကတော့ ဝ အထူး ဒေသ ၂ (ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့) တို့ တက်ရောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေမှာ အင်အား အတောင့် တင်းဆုံး အဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ