မိတ္ထီလာ လူသတ်မှုတွေ ကြွင်းကျန်

  • 14 ဇူလိုင် 2013
meikhtila
Image caption မြန်ဆန်ဖို့ထက် မှန်ကန်ဖို့ အရေးကြီးတယ်

မိတ္ထီလာ အရေးအခင်း လူသတ်မှု ၃ ပုံ ၁ ပုံ လောက် စီရင်နိုင်ပြီ ဆိုပေမယ့် တချို့ အမှုတွေ မှာ ရဲ အမှုဖွင့် သတ်မှတ်တဲ့ အရေ အတွက်က လက်တွေ့ အရေအတွက် ကို မမီသေးဘူး လို့ ပြောဆို နေပါတယ် ။

တချို့ အမှုတွေ ရုံးပေါ်ကို မရောက် သေးပါဘူး ။

ဒါပေမဲ့ ဒါတွေကို ဖော်ထုတ်နိုင်တဲ့ ဗီဒီယိုဖိုင်တွေ မိတ္ထီလာမှာ ပျံ့နေပါတယ် ။

ဗုဒ္ဓ ဘာသာဝင်တွေ ကျူးလွန်တဲ့ ဘက်က သက်သေ လိုက်ပေး မယ့်သူ နည်းလို့ အမှုတွေ ကျန်နေတာ ဖြစ်မယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မိတ္ထီလာ ပဋိပက္ခမှာ လူ ပေါင်း ၁ဝဝ ကျော် ဖမ်းဆီးထားပြီး အဲဒီထဲမှာ မွတ်ဆလင် ၂ဝ ကျော် နဲ့ ဗုဒ္ဓ ဘာသာ ၇ဝ ကျော် ပါပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓ ဘာသာဝင် တက္ကသိုလ် ကျောင်းသားကို သတ်တဲ့ မွတ်ဆလင်ကို ထောင် ဒဏ် တသက် တကျွန်း ချခဲ့ပြီး မွတ်ဆလင် တွေကို သတ်တဲ့ ဗုဒ္ဓဘာသာ ဘက်က တရားခံ တွေကို ထောင်ဒဏ် ၁ဝ နှစ် အများဆုံး ချမှတ်မှု တွေ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိပါတယ်။

ဒီလို ဝေဖန် ပေမယ့်လည်း တရားရုံး ဆုံးဖြတ်ချက်တွေ မျှတမှု ရှိတယ် လို့ ဘုန်းကြီး ဦးသောဘိတ သတ်မှုမှာ တရားခံ မွတ်ဆလင်တွေ ဘက်က ရှေ့နေ လိုက်ပေးသူ ဦးသိန်းသန်းဦး က ဘီဘီစီ ကို ပြောပါတယ် ။

ဒါပေမဲ့ တရား စီရင်မှုတွေဟာ မြန်ဆန်ဖို့ ဦးစားပေး စီရင် နေတာ ရှိပြီး မှန်ကန်ဖို့က ပိုအရေးပါတယ် လို့ သူက ပြောပါတယ် ။

ဇူလိုင် ၁ဝ ရက်နေ့က အမိန့် ချမှတ် ခံရသူ အများစုဟာ မိတ္ထီလာမြို့ ပေါ်က ဖြစ်ပြီး အဲဒီ အထဲက လူ ၃ ယောက်ကို လူသတ် မှု ၂မှု စလုံးနဲ့ ပတ်သက်တယ် ဆိုပြီး သီးခြား ပြစ်ဒဏ်တွေ ချခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ