ဆော်ဒီက ရိုဟင်ဂျာ များအရေး

  • 18 ဇူလိုင် 2013
rohingya
Image caption နိုင်ငံမဲ့ ရိုဟင်ဂျာ အလုပ်သမား သိန်းချီရှိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် တရားမဝင် ရယူ ပြီး ဆော်ဒီမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ ရိုဟင်ဂျာ ၅ သိန်း အတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရက အထူး သက်သေခံ စာရွက် ထုတ်ပေးဖို့ စဉ်းစား နေကြောင်း သိရပါတယ်။

ဒီလူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပြီး ထုတ်ပေးမှာ မဟုတ်ဘဲ မြန်မာ နိုင်ငံသား အဖြစ်သာ အသိအမှတ် ပြုမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ပ အလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က ဗုဒ္ဓဟူး နေ့က ပြောကြား ပါတယ်။

ဆော်ဒီ အစိုးရနဲ့ ဒီကိစ္စ တိုင်ပင် ဆွေးနွေး နေဆဲ ဖြစ်တယ်၊ ရိုဟင်ဂျာ တွေ ဘယ်လို နိုင်ငံကူး လက်မှတ်နဲ့ ဆော်ဒီ ရောက်လာတယ် ဆိုတာ စိစစ်ရမယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး က ဘီဘီစီ ကို ပြောဆို ပါတယ်။

တကယ်က ဆော်ဒီမှာ ရိုဟင်ဂျာ ဦးရေ ၃ သိန်း ကျော်ပဲ ရှိတယ်လို့ ဆော်ဒီ အခြေစိုက် Arakan Rohingya Union ဥက္ကဋ္ဌ Dr. Tahir Mohamed Siraj က ပြောပါတယ်။

မကြာခင်က မြန်မာပြည်မှာ ရိုဟင်ဂျာ ပြဿနာ တွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း ဆော်ဒီ အစိုးရက ရိုဟင်ဂျာ တွေကို ၄ နှစ် နေခွင့် ကတ်တွေ ထုတ်ပေး နေတယ်၊ ကလေးတွေ ကျောင်းတက်ခွင့် စတဲ့ အခွင့်အရေးတွေ ပေးတယ်လို့ သူက ဆို ပါတယ်။

ဆော်ဒီမှာ အလုပ်သမား မှတ်ပုံတင် မရှိဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်နဲ့ လုပ်ကိုင် နေကြတဲ့ ရိုဟင်ဂျာ တွေအတွက် သက်သေခံ စာရွက် ထုတ်ပေးဖို့ ဆော်ဒီ ဘက်က တောင်းဆိုတဲ့ အတွက် ဒီလို စဉ်းစား နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ