သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း ၂

  • 18 ဇူလိုင် 2013
_theinsein_london_
Image caption သမ္မတ ဦးသိန်းစိန် ဘီဘီစီ နဲ့ မေးမြန်းခန်း

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပိုင်း ၂ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကြားက တိုက်ပွဲ တွေ ဖြစ်နေခြင်းဟာ သမ္မတက အမိန့်ပေး ပေမယ့် စစ်တပ် က မနာခံတဲ့ သဘော မဟုတ်ကြောင်း ဖြေကြား ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် နေရာမှာ ကချင် ပြည်နယ် မှာ သေနတ်သံ မကြားရတော့ သလို ကရင် မှာလည်း အေးချမ်း နေတဲ့ အကြောင်း၊ ရှမ်းပြည် မှာ ကြိုကြား တိုက်ပွဲ ဖြစ်နေရ ခြင်းမှာ လက်နက်ကိုင် အဖွဲ့တွေ က ဆက်ကြေး တောင်းတဲ့ အတွက် နယ်မြေ လူထု က ပြောလို့ စစ်တပ် က သွားရောက် ရှင်းလင်း ရကြောင်း၊ ဒါကြောင့် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ နဲ့ တိုက်ပွဲတွေ လုံးဝ ပျောက်အောင် လုပ်နေပုံ သမ္မတ က ပြောပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်းမာရေးနဲ့ အသက်အရွယ် အရ ဒုတိယ သမ္မတ သက်တမ်း အတွက် အစီအစဉ် မရှိတဲ့ အကြောင်း၊ လုပ်ပေးလိုတဲ့ အချက်တွေ က ငြိမ်းချမ်းရေး၊ နိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးရေး စတာတွေ စဉ်းစားပေး နေတဲ့ အတွက် သမ္မတ ဝင်ရွေးမယ် လို့ အတိအလင်း ထုတ်ဖော် ပြောတဲ့ သူရ ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြိုင်ဘက်တွေ မဟုတ် ကြောင်း သမ္မတ ဦးသိန်းစိန် က ဖြေကြားပါတယ်။

မြန်မာနိုင်ငံ ထုတ် ဂျာနယ် စာစောင်တွေ မှာ အတိုက်အခံ တွေ ကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ နဲ့ ပတ်သက်လို့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲချိန် မှာ ထိခိုက်မှု ရှိမရှိ ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ပြုထားတဲ့ အတွက် လူပုဂ္ဂိုလ် တယောက် ကို နစ်နာ ထိခိုက်အောင် ရေးခဲ့ရင် တရား ဥပဒေ အရ အကာအကွယ် ပေးမယ့် အကြောင်း သမ္မတ ဦးသိန်းစိန် က လန်ဒန် ခရီးစဉ် အတွင်း ဘီဘီစီ ရဲ့ သီးသန့် မေးမြန်းခန်း မှာ ဖြေကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ