တိုင်းရင်းသား သက်ကြီး ခေါင်းဆောင် အယောက် ၂၀ ကျော်ကို ကန်တော့

  • 22 ဇူလိုင် 2013
Image caption တိုင်းရင်းသား သက်ကြီး ကန့်တော့ပွဲ တက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်မှာ ပထမ ဆုံးကြိမ် တိုင်းရင်းသားထဲက သက်ကြီး ခေါင်းဆောင် အယောက် ၂၀ ကျော်ကို ကန်တော့ခဲ့ ကြပါ တယ်။

ဒီပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါ တက်ရောက်ခဲ့တော့ ပထမဆုံး အကြိမ် လုပ်တဲ့ ဒီပွဲဟာ ထူးခြားမှု ရှိတယ်လို့ ဆိုပါတယ်။

လွှတ်တော်ထဲ ဝင်ပြီး စစ် ဗိုလ်ချုပ်ဟောင်း တွေနဲ့ အာဏာ အပေး ယူလုပ်တယ်လို့ နိုင်ငံရေး သုံးသပ်သူ တစ်ချို့ရဲ့ ဝေဖန်ခြင်း ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် က သက်ကြီး ခေါင်း ဆောင် တွေကို ကန်တော့သူတွေရဲ ကိုယ်စား နှုတ်ခွန်းဆက် စကား ပြောကြား ရာမှာ သူရဲ့ ယုံကြည်မှု ဆိုတာ နဲ့ ပက်သတ်လို့ ရဲရဲဝင့်ဝင့် ပြောသွားခဲ့ ပါတယ်။

မိမိကိုယ်ကို မယုံတဲ့ သူဟာ တခြား သူကို ယုံမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒေါ် အောင်ဆန်းစုကြည်က ဒီလို ပြောပေမဲ့ တိုင်းရင်းသား ထဲက သက် ကြီး ခေါင်းဆောင် တစ် ဦး ဖြစ်တဲ့ မန်းသိန်းဆွေက လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားတာ ရှိခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကတွေ ဖြစ်တဲ့ ဦးဝင်းတင် ၊ ဦးတင်ဦး တို့ အပါအဝင် တိုင်းရင်းသား သက်ကြီး ခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငွေသိန်း ၊ ဗိုလ်ချုပ် ဆေထင် ၊ ဦးသာဘန်း ၊ မန်းချစ်ဆွေ ၊ မန်းသိန်းဆွေ စတဲ့ တိုင်းရင်းသားထဲက သက်ကြီး ခေါင်းဆောင် ၂၀ ကျော် နီးပါး ကန့်တော့ခံ တက်ရောက်ခဲ့ပါတယ်။

ဒီပွဲဟာ တိုင်းရင်းသား လူ ငယ် ကွန်ယက်က စီစဉ်တာ ဖြစ်လို့ တိုင်းရင်းသား လူငယ် တွေလည်း အများအပြား တွေ့ရပါတယ်။

ဒီနေ့ပွဲမှာ သာမန် ကန့်တော့ခံ ပွဲလို့ ထင်ရပေမဲ့ ပင်လုံ စိတ်ဓာတ် ဆိုတဲ့ စကားကို ပွဲစီစဉ်သူတွေ ဆီကရော ကန်တော့ခံ တိုင်းရင်းသားထဲ ကပအပြင် သက်ကြီး ခေါင်းဆောင် တွေဆီ ကပါ ကြား နေခဲ့ ရပါတယ်။

ဒါ့အပြင် အခြေခံ ဥပဒေ ပြန်ပြင်ရေးဖို့ လွှတ်တော်က ပြင်နေချိန်မှာ တိုင်းရင်းသား အဖွဲ့တွေဟာ အာဏာ ကန့်သတ် ခွဲဝေမှု ရှိတဲ့ အခြေခံ ဥပဒေ ကို ပြင်ဖို့ ကလည်း တိုင်းရင်းသားတွေ ကြားမှာ ဆွေးနွေးစရာ ဖြစ်နေပါတယ်။

အခုလို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဒေါ် အောင်ဆန်းစုကြည် ပါတော့မယ် လို့ မနေ့က အစိုး ဘက်က ပြောအပြီး နောက်ရက်မှာ အခုလို တိုင်းရင်းသား သက်ကြီး ခေါင်းဆောင် တွေကို အတော် များများကို အခုလို တစ်စု တစ်ဝေးတည်း စုစည်း တွေ့ရတာဟာ ထူးခြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ