မိတ္ထီလာဒေသက အရေးပေါ် အမိန့် ပြန်ရုပ်ပြီ

  • 20 ဇူလိုင် 2013
Image caption မိတ္ထီလာ ဒေသ လုံခြုံရေးကို အခုတော့ ရဲက ပြန်ပြီး တာဝန် ယူပြီ ဖြစ်ပါတယ်

ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ အဓိကရုဏ်း ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အခုအခါ အခြေ အနေတွေ တည်ငြိမ် အေးချမ်း လာပြီ ဖြစ်လို့ အရေးပေါ် အခြေ အနေကို ရုပ်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ဒါပေမယ့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်ရ ကန့်သတ်ချက်ကိုတော့ ဆက်လက် ထားရှိဆဲ ဖြစ်ပါ တယ်။

မိတ္ထီလာမှာ အရေးပေါ် အခြေ အနေ ရုပ်သိမ်း လိုက်တာကို မြို့ခံတွေက ကြိုဆိုကြ ပါတယ်။ အရင်က မြို့ထဲကို မွတ်ဆလင်တွေ မလာရဲ လောက်အောင် ဖြစ်ခဲ့တဲ့ အခြေ အနေ ကနေ ခုတော့ မွတ်ဆလင် ဈေးဆိုင်တွေ ပြန်ဖွင့် တဲ့ အခြေ အနေကို ရောက်လာ ပါပြီ။

အခြေ အနေ တွေတိုး တက်ကောင်းမွန် လာပေမယ့် သံသယ တွေကတော့ လုံးဝ ပျောက်သွား တာမျိုး မဟုတ်သေး ပါဘူး။ အခု အခါမှတော့ မိတ္ထီလာမှာ ရှိတဲ့ဗလီ ၁၃ လုံး အနက် သုံးလုံးကို ပြန် ဖွင့်ပေး နိုင်ခဲ့ ပါပြီ။

ဒါပေမယ့် အိမ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေ ကတော့ ရှိနေဆဲပါ။ အဲဒီလူတွေ ကတော့ ပဋိပက္ခ ဖြစ်ခဲ့စဉ် အတွင်း အိုးအိမ်တွေ ပျက်စီး သွားပြီး အစား ပြန် မဆောက် နိုင်သေးတာကြောင့် စခန်း တွေမှာ ရှိနေကြ တာလို့ ဆိုပါတယ်။

အရေးပေါ် အခြေအနေ ရုပ်သိမ်း လိုက်တဲ့ အတွက် လုံခြုံရေးကို စစ်တပ်က မကိုင်တော့ဘဲ ရဲက လွှဲပြောင်း တာဝန်ယူ နေပြီ ဖြစ်ပေမယ့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက် ရ အမိန့်ကိုလည်း ည ၁၀ နာရီက မနက် ၄ နာရီ အထိ ကန့်သတ် ထားဆဲ ဖြစ်ပါတယ်။ ဒီတော့ မိတ္ထီလာရဲ့ အခြေအနေက ပြန်ကောင်း လာပြီ ဖြစ်ပေမယ့် သတိတော့ ထားနေရဆဲ ပဲလို့ ဆိုရမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ