ဗိုလ်ချုပ် အောင်ဆန်း လက်ရေးစာအုပ်

  • 21 ဇူလိုင် 2013
aungsan
မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း

ရေနံချောင်း နေရှင်နယ် ကျောင်းမှာ ဗိုလ်ချုပ် အောင်ဆန်း အထက်တန်း ကျောင်းသား ဘဝက ပါဠိ ဘာသာ လက်ရေး စာအုပ်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူသွားလို့ မြို့ခံ လူထုက မကျေမချမ်း ဖြစ်နေ ကြပါတယ်။

ဒီစာအုပ်ကို ၁၉၆ဝ ကျော် ကတည်းက ဗိုလ်ချုပ် အောင်ဆန်း ကျောင်းတက်သွားတဲ့ နေရှင်နယ်ကျောင်း တဖြစ်လဲ ရေနံချောင်း အထက (၁) ကျောင်းမှာ ထိန်းသိမ်း ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဇာနည် နေ့က ဦးခင်အောင်မြင့် ရေနံချောင်းကို ရောက်လာ ပြီး အဲဒီ စာအုပ်ကို ယူသွားလို့ ကျောင်း ကော်မတီနဲ့ မြို့ခံတွေ ဆန္ဒ မပါဘဲ ယူသွားလို့ မြို့လူထု မကျေမနပ် ဖြစ်နေကြ ပါတယ်။

၁၉၃ဝ ကျော်က ရှားပါး လက်ရေး စာအုပ် ဖြစ်လို့ လူအကိုင် မခံဘဲ သေတ္တာနဲ့ ထည့်ပြ ထားတဲ့ စာအုပ်ကို ယူသွားတာပါ။

အစိုးရ ရုပ်သံ သတင်း တွေမှာ မြို့က လှူဒါန်းတယ် ဆိုပြီး ဖော်ပြလို့ မကျေနပ် ကြဘူး လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ဘုန်းကြီးကျောင်း တွေနဲ့ နယ်ပြတိုက် တွေက ရှားပါး ပေမူနဲ့ ရှေးဟောင်း ပစ္စည်းတွေကို အာဏာပိုင် တွေက အတင်းအကျပ် ပင့်ဆောင် ယူငင် သွားမှု တွေလည်း ရှိခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ