တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲမှာ ဒေါ်စုပါမယ်

  • 21 ဇူလိုင် 2013
Image caption ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း က သတင်း ထောက် တွေကို ပြောင်ကြားခဲ့

တိုင်းရင်းသား လက်နက်ကိုင် အားလုံးနဲ့ အပစ် အခတ် ရပ်စဲ ပြီးနောက် ဒီနှစ်ထဲ ပြုလုပ်ဖို့ ရှိတဲ့ နိုင်ငံရေး အဆင့် ဆွေးနွေး ပွဲတွေမှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင်မှာ ဖြစ်တယ်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြောကြား လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တို့ဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့ ငြိမ်းချမ်း ရေး စင်တာ ကို သွားရောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင် အချို့ တို့နဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံပြီး နောက် ပြု လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က သတင်းထောက် တွေ ကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲ မှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ် လုပ်ကိုင် နေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက၊ သူတို့ရဲ့ လုပ် ဆောင်ချက်တွေ၊ အစီ အမံတွေ အနာဂတ် ရည်မှန်းချက် တွေကို ရှင်းပြ ကြပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒေါ် အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှာ ထည့်သွင်းဖို့ အစိုးရ ကို တိုက် တွန်းခဲ့ သလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင် အမျိုးသား အစည်း အရုံး နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တို့ ကလည်း ဒေါ်အောင်ဆန်းစု ကြည်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ငန်းစဉ် တွေမှာ ပါဝင် လာဖို့ တောင်းဆို ထားတာ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ