နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်

  • 23 ဇူလိုင် 2013
Image caption နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး အကျဉ်းထောင် တွေထဲမှာ ကျန်ရှိနေသေး

မြန်မာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို အစိုးရက အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်ရဲ့ စာရင်းတွေ အရ နိုင်ငံရေးကျဉ်းသား ၆၈ ဦး ပြန်လွတ်ပြီး၊ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး အကျဉ်းထောင် တွေထဲမှာ ကျန်ရှိ နေသေး တယ်လို့ ကွန်ယက် တာဝန်ရှိ သူက ဘီဘီစီကို ပြောပါတယ်။

ပြန်လွတ် လာသူတွေ ထဲမှာ မကြာသေး ခင်ကမှ အစိုးရနဲ့ သဘောတူ လက်မှတ် ရေးထိုး ထားတဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ဝင် ကချင် တိုင်းရင်းသား တချို့လည်း ပါဝင်ကြ ပါတယ်။

ပြီးခဲ့တဲ့ အပတ် သမ္မတ ဦးသိန်းစိန် ဗြိတိန်မှာ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ တွေ့ဆုံ ခဲ့စဉ်ကလည်း ဒီနှစ်ကုန် နိုင်ငံရေး အကျဉ်းသား အာလုံး ပြန်လွှတ် ပေးမယ်လို့ သမ္မတက ကတိပေး ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ