မြန်မာ့အင်တာနက် နှေးကွေးဦးမယ်

  • 24 ဇူလိုင် 2013
internet_
Image caption မြန်မာ့ အင်တာနက် တလလောက် နှေးမယ်။

မြန်မာနိုင်ငံမှာ အင်တာနက် နှေးကွေးမှု တစ်လလောက် ဖြစ်မယ်လို့ ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာ ထားပါတယ်။

နဂိုကလည်း အင်တာနက် နှေးကွေးနေတဲ့ အထဲ အခုဆိုရင် ပိုးဆိုးသွားတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

ပင်လယ်ရေအောက် ဆက်သွယ်တဲ့ ကေဘယ်ကြိုး ချွတ်ယွင်းချက်ကြောင့် အင်တာနက်လိုင်း တဝက်လောက် ပျက်သွားတာကြောင့် မြန်မာနိုင်ငံက အင်တာနက် နှေးမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့ သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ပ ဆက်ဆံရေး အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း ကပြောပါတယ်။

အခုလို ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အင်တာနက်က အရင်ကလည်း နှေးကွေးနေတဲ့ အထဲ အခုတော့ ပိုဆိုးသွားတယ်လို့ ပဲခူးတိုင်း ကွန်ပျူတာ လုပ်ငန်းရှင် အသင်း ဥက္ကဌ ဒေါက်တာဘဆွေက ပြောပါတယ်။

ဆက်သွယ် မေးမြန်းကြည့် သလောက်တော့ ဒီလို စိတ်ဒုက္ခကို သည်းခံပြီး နေရမှာပဲလို့ ပြောကြပါတယ်။