ရှေးဟောင်း ရန်ကုန်အဆောက်အဦးတွေကို ဟိုတယ်ဖွင့်မယ်

  • 25 ဇူလိုင် 2013
Image caption မြန်မာ နိုင်ငံကို လာတဲ့ ကမ္ဘာ့လှည့် ခရီးသည် တွေ အတွက် ဟိုတယ် မလုံမလောက် ဖြစ်နေ လို့ပါ

ရန်ကုန် မြို့လယ်မှာ ရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကျော်က ဆောက်လုပ် ခဲ့တဲ့ ရှေးဟောင်း အဆောက် အအုံ ၄ ခု ကို ဟိုတယ် ဖွင့်ဖို့ မကြာခင် ရက်ပိုင်း အတွင်း ခွင့်ပြု ပေးသွား တော့ မယ်လို့ မြန်မာ နိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင်က ပြောကြား လိုက်ပါတယ်။

မဟာ ဗန္ဓုလ ပန်းခြံ တဝိုက်မှာ ရှိတဲ့ အရင် အစိုးရ ရုံးတွေ ဖြစ်တဲ့ ရေနံရုံး၊ ကုန်သွယ်ရေးရုံး နဲ့ သွင်းကုန် ထုတ်ကုန် ရုံးတွေ အပါ အဝင် ဆူးလေ ဘုရား အနီးက ဟိုတယ် ခရီးရုံး တွေကို ဟိုတယ် အဖြစ် လုပ်ကိုင်ခွင့် ပေးမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကို လာရောက်တဲ့ ကမ္ဘာ့လှည့် ခရီးသည်တွေ အတွက် ဟိုတယ် မလုံမလောက် ဖြစ်နေရပြီး၊ ရှေ့နှစ်တွေမှာလည်း ကမ္ဘာလှည့် ခရီးသည် ပိုမို များပြား လာနိုင် တာကြောင့် အသုံး မပြုတော့တဲ့ အစိုးရ ရုံးတွေကို အခုလို ဟော်တယ် အဖြစ် လုပ်ကိုင်ခွင့် ပေးမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် တွဲဖက် အတွင်း ရေးမှူး သူရ ဦးသောင်းလွင် က ပြောပါတယ်။

ဟိုတယ် ဖွင့်ဖို့ ၂၀၁၀ ခု နှစ် ကတည်းက အစိုးရက တင်ဒါ ခေါ်ခဲ့တာ ဖြစ်ပြီး၊ တင်ဒါ လျှောက်ထားတဲ့ ပြည်တွင်း ပြည်ပက ကုမ္ပဏီပေါင်း ၈၀ ကျော် ရှိခဲ့ရာ၊ ဒီနှစ်ထဲ မှာ ဆန်ခါတင် ရွေးပြီးတော့ အခု အဲဒီ အထဲက နောက်ဆုံး ၄ ခု ကို ရွေး မှာဖြစ် ပါတယ်။

ရန်ကုန် မြို့ဟာ အရှေ့တောင် အာရှမှာ ကိုလိုနီခေတ် လက်ရာ၊ ရှေးဟောင်း အဆောက် အအုံတွေ အများ ဆုံးရှိတဲ့ နေရာ ဖြစ်ပြီး၊ သက်တမ်း ရာကျော် အဆောက် အဦး ၁၈၀ ကျော် ရှိကာ တချို့ အဆောက် အဦးတွေဟာ ပြိုကျ တော့မယ့် အခြေ အနေတွေ ရှိနေ ပါတယ်။

ဒီ အဆောက်အဦး တွေကို ဟိုတယ် ဖွင့်ဖို့ ပေးတာဟာ ထိန်းသိမ်း တာ ဖြစ်သလို ပိုက်ဆံ ရအောင် လုပ်တာလဲ ဖြစ်ပါတယ်။ အဆောက် အဦးတွေ အားလုံးရဲ့ ရှေ့ မျက်နှာစာတွေ ဘေးပတ် လည်တွေကို နဂို မူလ အတိုင်း ထားပြီး၊ အထဲ ကိုတော့ ဟိုတယ် ဖွင့်ဖို့ အတွက် ပြင်ဆင်ခွင့် ပေးမယ်၊ ကော်မရှင် အနေနဲ့ ဒီလို လုပ် မလုပ်ကို ကြီးကြပ် စစ်ဆေးတဲ့ အဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွား မှာ ဖြစ်တယ်လို့ ရင်းနှီး မြုပ်နှံ မှုနဲ့ ကုမ္ပဏီ များ ညွှန် ကြားမှူ ဦးစီး ဌာနက ညွန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး ကလည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ