တောင်သူတွေ ကိုယ်အခွင့်အရေး ကိုယ်ကာကွယ်တတ်အောင် သင်တန်းပေး

  • 28 ဇူလိုင် 2013

မြန်မာနိုင်ငံတဝန်းက မြေသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေကို ကိုယ့်မြေကို ပြန်ရအောင် ဥပဒေဘောင်အတွင်းက လုပ်တတ်ဖို့နဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ကာကွယ်နိုင်ဖို့ မန္တလေးမြို့မှာ equality Myanmar အဖွဲ့က ဦးဆောင်ပြီး ဥပဒေပညာရှင်တွေက ၃ရက်ကြာ သင်တန်းပို့ချနေပါတယ်။

ဒီသင်တန်းမှာလယ်သမားတွေ မြေ သိမ်းခံရပြီး နစ်နာ ဆုံးရှုံးတာ၊ တရားစွဲဆိုခံရတာနဲ့ပတ်သက်တာတွေ၊ တောင်သူလယ်သမား ကာကွယ် စောင့်ရှောက်ရေး ဥပဒေနဲ့ပတ်သက်တာတွေ၊ ဖွဲ့စည်းပုံအပါအဝင် ဥပဒေနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ဟောပြောပို့ချပေးတယ်လို့ သင်တန်းဆရာတယောက်ဖြစ်တဲ့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။

နယ်စုံ ပါတီစုံက လူငယ်အဖွဲ့အစည်းနဲ့ တောင်သူလယ်သမား စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်အဆင့်ဆင့်ဟာ ဥပဒေက ပြဌာန်းထားပေမယ့် ဥပဒေနဲ့အညီ တောင်သူတွေကို အကူအညီးပေးတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

စီမံကိန်းအရ ယူထားတဲ့ မြေတွေကို စိုက်ပျိုးမှုမရှိရင် နိုင်ငံတော်က ပြန်သိမ်းဖို့ ဥပဒေက ဆိုထားပေမယ့် အာဏာပိုင်တွေက ပြန်မသိမ်းဘဲ ရှိနေတာကို တွေ့နေရပြီး ကုမ္ပဏီပိုင်ရှင်တွေဘက်က ရပ်တည်နေကြတယ်လို့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။