ပြည်ထောင်စု လွှတ်တော် ငြိမ်းချမ်းရေးမူ

  • 31 ဇူလိုင် 2013
_bbc_hluttaw_304x171
Image caption ပြည်ထောင်စု လွှတ်တော် ရဲ့ ငြိမ်းချမ်းရေး မူဝါဒ

ပြည်ထောင်စု လွှတ်တော်က ဇူလိုင် ၃၁ ရက် ရက်စွဲနဲ့ ထုတ်တဲ့ ကြေညာချက် မှာ ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်း ကို ထောက်ခံ ကြောင်း နဲ့ အကြမ်းဖက်မှု ထပ်မဖြစ်ဖို့ တိုက်တွန်း ထားပါတယ်။

ဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ချိန်မှာ လွှတ်တော်က ခုလို ကြေညာချက် ထုတ်တာဟာ သမ္မတ ဦးစီးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု နဲ့ မူဝါဒ ကို အားပေး ထောက်ခံ တဲ့ အသွင် ဆောင်ကြောင်း NLD ပုသိမ် လွှတ်တော် အမတ် ဦးဝင်းမြင့် က ရှင်းပြ ပါတယ်။

လက်နက်ကိုင် ပဋိပက္ခဖြစ်နေခြင်း ကနေ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရေး အတွက် သက်ဆိုင်သူတွေ အနေနဲ့ စိတ်ကောင်း စေတနာမှန် တွေ နဲ့ ဆောင်ရွက် ရေး၊ နိုင်ငံရေး ဆွေးနွေးမှု စတာတွေ လည်း ဆင့်ကဲ ပါဝင် လာပြီး ပြည်သူ ကပါ ပူးပေါင်း ဆောင်ရွက် ဖို့ တိုက်တွန်းထားတဲ့ ကြေညာချက် ဖြစ်တဲ့ အတွက် လွှတ်တော် အမတ်တွေ က ထောက်ခံကြလို့ ပြည်ထောင်စု လွှတ်တော် ရဲ့ ကြေညာချက် လို့ ဆိုနိုင်တယ်လို့ ဦးဝင်းမြင့် က ရှင်းပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ