လူရွှင်တော် ပါပါလေးကွယ်လွန်

  • 2 ဩဂုတ် 2013
mustache_brothers
Image caption နုတ်ခမ်းမွှေး ညီနောင်များ တယောက်လျော့ခဲ့ပြီ

နုတ်ခမ်းမွှေး ညီနောင်များ အငြိမ့် အဖွဲ့က လူရွှင်တော် ပါပါလေးလို့ လူသိ များသူ ဦးထွန်းဘို ခေါ် ပါပါလေး ကွန်လွန် သွားပြီ ဖြစ်ပါတယ်။

ဦးပါပါလေးဟာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆီးအကျိတ် ရောဂါကို ကုသနေရင်း နှလုံး ရောဂါနဲ့ မန္တလေး ဆေးရုံကြီးမှာ ကွယ်လွန် သွားခဲ့ တာဖြစ်ပါတယ်။

သူဟာ ဇာတ်သဘင် ပညာရှင်မိဘ၂ပါးက မွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာ လူရွှင်တော်လောကကို စတင်ဝင်ရောက်ခဲ့ပါတယ် ။

သူ့ရဲ့ထိမိလှတဲ့ နိုင်ငံရေး ပျက်လုံး တွေကြောင့် သူ့ကို အစိုးရက ပွဲက ခွင့်တွေ ပိတ်ပင် ခံခဲ့ရသလို ၃ ကြိမ်တိုင်တိုင် အကျဉ်းချ ခံခဲ့ရပါတယ်။

ကွယ်လွန် ချိန်ထိလည်း ကပြခွင့် မပေးခဲ့ တာကြောင့် အိမ်မှာဘဲ နိုင်ငံခြားသား တွေကို အခကြေးငွေ ယူပြီး ကပြ နေရသူ ဖြစ်ပါတယ်။

သူ ကွယ်လွန်ချိန်မှာ ဇနီးသည် မြို့တော်ဝင်းမာ ကျန်ရစ်ပြီး သူ့ရဲ့ အမွေဖြစ်တဲ့ နုတ်ခမ်းမွှေး ညီနောင်များ အငြိမ့်ကို ကျန်ရစ်သူ ညီတွေ ဖြစ်တဲ့ ဦးလူမော်နဲ့ ဦးလူဇော်တို့က ဆက်လက် ကပြ သွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ ညီအရင်း ဖြစ်သူ ဦးလူမော်က ဘီဘီစီကို ပြောပါတယ်။