လွတ်လပ်တဲ့ မီဒီယာ ပေါ်ထွန်းရေး ဆန္ဒကောက်

  • 3 ဩဂုတ် 2013
burmese_newspapers_
Image caption ပြည်တွင်း မီဒီယာ လွတ်လပ်ခွင့်

မြန်မာနိုင်ငံ မှာ လွတ်လပ်တဲ့ မီဒီယာ ဥပဒေ ပေါ်ထွန်း နိုင်ရေး အတွက် လူထု အခြေပြု ပြည်သူ့ဆန္ဒ လက်မှတ်တွေ သြဂုတ်လ ၃ ရက်နေ့ က ဆူးလေဘုရား တဝိုက်မှာ စတင် ကောက်ယူ ရာမှာ ၂ နာရီ အတွင်း လက်မှတ်ပေါင်း ၁၅ဝ ခန့် ရရှိပါတယ်။

အခုလို ပြည်သူဆီက ကောက်ယူ ရရှိတဲ့ လက်မှတ် တွေကို ပြည်သူ့လွှတ်တော် မှာ ပြန်တင်ပြဖို့ ရည်ရွယ်ကြောင်း၊ မီဒီယာ လွတ်လပ်ခွင့် မရမချင်း လှုပ်ရှားမယ့် အကြောင်း မြန်မာပို့စ် ဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာ လူမင်း သောင်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။

နယ် သတင်းထောက် တွေကလည်း ပြည်သူ့ဆန္ဒ လက်မှတ်တွေ စကောက်မယ့် အကြောင်း၊ အပြောင်းအလဲ ဖြစ်စ က အစိုးရ က မီဒီယာ ကို ပိတ်ပင် တားဆီးမှု မပြုဘဲ အခုမှ တိုင်ပင် ဆွေးနွေးခြင်း မရှိ မီဒီယာ ဥပဒေ တခု အတည်ပြုဖို့ ကြိုးပမ်းတဲ့ အတွက် ဆန္ဒ သဘောထား လက်မှတ် ကောက်ဖို့ ဖြစ်လာကြောင်း ရှင်းပြပါတယ်။

နိုင်ငံတကာ မှာလည်း မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ရှိတဲ့ အကြောင်း၊ မီဒီယာ သမားတွေ ရဲ့ လုပ်ဆောင်ချက် ဆိုရာမှာ ပြည်သူ အတွက် ပုံနှိပ်စာရွက် အပေါ် ချပြလို့ ရမယ့် လွတ်လပ်ခွင့်တွေ အတွက် ရည်ရွယ်လုပ်တာ လို့ ရှင်းပြ ပါတယ်။

ဌာန ဆိုင်ရာ လျှို့ဝှက်စာ ကို ကြည့်လိုခြင်းမှာ မီဒီယာ က သိသင့်တဲ့ အသုံးစရိတ် ငွေစာရင်း ကို ဆိုလိုကြောင်း၊ မီဒီယာ ဘောင်ထဲက နိုင်ငံတော် လျှို့ဝှက်ချက် ကို မထိပါးဘဲ ပြည်သူ သိသင့် တဲ့ အချက်တွေ သာ ရေးလို၊ သတင်း လိုက်လို ကြောင်း လူမင်း သောင်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ