ရန်ကုန် ဟိုတယ်ဇုန် အစီ အစဉ် ဖျက်သိမ်း

  • 4 ဩဂုတ် 2013
rangoon
Image caption ရန်ကုန်က နာမည်ကျော် စထရင်း ဟိုတယ်

ဒီနှစ် အစပိုင်းက ရန်ကုန် တိုင်း ဟိုတယ် ဇုန် ဆောက် မယ့် အစီ အစဉ် အတွက် မြေ နေရာ ရှာ မရလို့ ဖျက်သိမ်း လိုက်ပြီ လို့ ရန်ကုန်တိုင်း ဟိုတယ် လုပ်ငန်းရှင်များ အသင်း က ပြောပါတယ် ။

ရန်ကုန် ဟို တယ် ဇုန် ဆောက် ဖို့ လျာထား ခဲ့တဲ့ နေရာ တွေက ရန်ကုန် - နေပြည် တော် အမြန် လမ်းမ ကြီး အစ လှည်းကူး မြို့နယ် က နေရာ၊ မှော်ဘီ မြို့နယ် ညောင်နှစ်ပင် အနီး နဲ့ မင်္ဂလာဒုံ မြို့နယ် ထဲက နေရာ တွေ ပါပါတယ် ။

ဒါပေမဲ့ ဒီနေရာ တွေကို ဟိုတယ် ဇုန် ဆောက်ဖို့ သွား ကြည့်ပြီး နောက်ပိုင်း ဈေးတွေ ထိုးတက် လာပြီး စစ်တပ်ပိုင် မြေ တွေလည်း ပါနေလို့ မ,စနိုင် တာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံ မှာ ဟိုတယ်ဇုန် ဆောက်မယ် ဆိုပြီး မြေ သိမ်းမှုတွေ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်က စလို့ အထူး များပြား လာပါတယ် ။

အထင်ရှားဆုံး ဥပမာ ကတော့ (၁၃) နှစ် လောက် ကြာတဲ့ အထိ ဟိုတယ်တွေ မဆောက်နိုင် သေးတဲ့ ငွေဆောင် ကမ်းခြေ ဟိုတယ်ဇုန် စီမံကိန်း ၂ ဖြစ်ပါတယ် ။

လက်ရှိ ဟိုတယ်ဇုန် တွေ အသစ် ဖော်တဲ့ နေရာမှာ မြေယာ အငြင်းပွား မှု ပြဿနာ တွေ ရှိနေလို့ ဒီလို စီမံကိန်းတွေ ကို ချိန်ဆ လာတဲ့ သဘော ရှိပါတယ် ။

ဒီလို စီမံကိန်း တွေ ဖြစ်မယ်လို့ သတင်း တွေမှာ ဖော်ပြပြီးမှ ပျက်သွားတာ မျိုးဟာ နိုင်ငံတကာ ရင်း နှီး မြုပ်နှံသူ တွေရဲ့ စိတ်ဝင်စား မှု ကို လျော့ကျစေ ပါတယ် ။

ကမ္ဘာလှည့် ခရီးသွား တွေ လာတာ များလို့ မြန်မာနိုင်ငံ အနှံ့ ဟို တယ် ဇုန် စီမံကိန်း (၁၁) ခု ထိ ဖော်ထုတ်ဖို့ ဟိုတယ် လုပ် ငန်း ရှင် တွေ က အဆိုပြု ခဲ့ပြီး မန္တလေး၊ ပုဂံ ၊ အင်းလေး စတဲ့ ဒေသ တွေမှာ စီမံကိန်း တွေ စနိုင် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ