လက်ပံတောင်း ဒေသ ရွာတွေကို ညဘက် စီးနင်း

night-raids_
Image caption ဇီးတော၊ဆည်တဲကျေးရွာ သန်းခေါင်ကျော် စီးနင်း

သြဂုတ်လ ၆ ရက် သန်းခေါင်ကျော် ၁ နာရီ နဲ့ ၂ နာရီ အကြား မှာ လက်ပံတောင်း ဒေသ ဇီးတော၊ ဆည်တဲ ကျေးရွာတွေ ကို လုံခြုံရေး တွေ က ကားတွေ နဲ့ ရောက်လာပြီး စီးနင်း ရှာဖွေ ဖမ်းဆီးတယ်လို့ ဇီးတော စမ်းမြဝတီ ကျောင်းတိုက် ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

ဇီးတော ရွာ ကို အရင်ဝင်စီးခြင်းမှာ ရွာက အင်အား နည်းသလို ဘုန်းကြီးကျောင်းရှိ သံဃာတော် နဲ့ တည်းခိုနေတဲ့ ကျောင်းသားတွေ ကို ဖမ်းဆီး လိုတဲ့ အတွက် ဖြစ်တဲ့ အကြောင်း၊ ရွာသား ၂ ဦး ကို လည်း ဖမ်းဆီးသွားတဲ့ အကြောင်း၊ ရွာသား ၂ ဦး ကတော့ လက်ထိပ် နဲ့ ပြန်လည် လွတ်မြောက် လာပုံ ကို ရွာခံ ဆရာတော် က ဘီဘီစီ ကို မိန့်ပါတယ်။

လက်ပံတောင်း အရေးကိစ္စ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင် က လည်း လုံခြုံရေး တပ်ဖွဲ့ အင်အား ၃ဝဝ ခန့်နဲ့ ရွာတွေ ကို ဝင်ရောက်စီးနင်း ရာမှာ ရွာသားတွေ ကို ရိုက်နှက် ဖမ်းဆီးပြီး စစ်ကားပေါ် တင်သွားတဲ့ အကြောင်း၊ ကားစင်းရေ ၂၅ စီးဖြစ်ပုံ ဘီဘီစီ ကို ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားသူ တွေ က ဆည်တဲ ရွာဘက် ပြေးကြတဲ့ အကြောင်း၊ ရွာသား ၄ ဦး ခန့် ပျောက်ဆုံးနေပုံ ရှင်းပြပါတယ်။ ဆည်တဲ အပြင် တုံရွာ သားတွေ ကိုလည်း ဖမ်းဖို့ လုပ် လို့ ရွာခံတွေက သံချောင်းခေါက် အချက်ပေး ပြီး ခုခံမှု ပြုဖို့ ပြင်ဆင် ကြပုံ ကို ကိုဟန်ဝင်းအောင် ကရှင်းပြ ပါတယ်။

ရွာသားတွေ ဘက် က မကြေနပ်ချက် က ကြေးနီစီမံကိန်း အပေါ် စုံစမ်းရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် ကို မဆောင်ရွက်ပေး သလို စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့် လည်း ပွင့်လင်းမြင်သာမှု မရှိတဲ့ အကြောင်း လည်း ကိုဟန်ဝင်းအောင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ