၈၈ ငွေရတု ဖွင့်ပွဲ ဆွေးနွေးခန်း

  • 6 ဩဂုတ် 2013
8888_304x171_
Image caption ၈ လေးလုံး အခန်းအနား ဖွင့်ပွဲနေ့ ဆွေးနွေးပွဲ

မနေ့က စတင် ကျင်းပတဲ့ ၈ လေးလုံး ငွေရတု အခမ်းအနား ပထမနေ့ မှာ တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အနာဂတ် ပြည်ထောင်စု၊ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ဒီမိုကရေစီ အင်အားစုများ ရဲ့ အခန်းကဏ္ဍ ဆိုပြီး ခေါင်းစဉ် ၄ ခု ခွဲပြီး ဆွေးနွေး ခဲ့ ကြပါတယ်။

အဲဒီ အထဲမှာ လူအများအပြား စိတ်ဝင်တစား တက်ရောက် ခဲ့ကြတဲ့ တိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ ဒီ ဆွေးနွေးပွဲ ရဲ့ အကျိုးဆောင် ဖြစ်သူ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ ဗဟို ဦးဆောင် ကော်မီတီဝင် ကိုဇော်ဇော်ထွန်း က ဘာသာရပ် ဆိုင်ရာ စာတန်း ၅ဝ နီးပါး ရရှိတဲ့ အနက် အဓိက အကြံပြုချက် တွေ ကို ဘီဘီစီ ကို ပြောပြပါတယ်။

အဆိုပါ အချက်တွေ ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေ နဲ့ လယ်သမား အခွင့်အရေး၊ အလုပ်သမားထု အခြေအနေ၊ ဒီမိုကရေစီ အင်အားစု တွေ ရဲ့ အခန်းကဏ္ဍ တွေ ဆွေးနွေးကြောင်း ရှင်းပြပါတယ်။

တိုင်းပြည် ထူထောင်ရေး အပိုင်း ဆွေးနွေးကြရာ မှာတော့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် နေပါတယ် ဆိုတဲ့ အစိုးရ ရဲ့ လုပ်ဆောင်ချက် အပေါ် မှာ အားရ ကျေနပ်မှု မရှိဘူး လို့ အများစု က ဆွေးနွေးတာ တွေ့ရကြောင်း ကိုဇော်ဇော်ထွန်း က ပြောပါတယ်။

လယ်ယာမြေ ကိစ္စ တွေ နဲ့ ပတ်သက်ပြီး လယ်သမားတွေ ကိုယ်တိုင် တက်ရောက် ကြတာ တွေ့ရပြီး သူတို့ရဲ့ နစ်နာမှု၊ ခံစားနေရတဲ့ အခြေအနေ တွေ ကို ဆွေးနွေး တင်ပြ ကြ တဲ့ အကြောင်း၊ ဒါကြောင့်မို့ လက်ရှိ သုံးသပ်ချက်တွေ ကို စုစည်းပြီး ၈၈ ငွေရတု ရဲ့ ရလဒ်အဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ် လာမယ် လို့ ထင်မြင်ပုံ ကို၊ ဒီဆွေးနွေးပွဲ ရဲ့ အကျိုးဆောင် ဖြစ်သူ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ ဗဟို ဦးဆောင် ကော်မီတီဝင် ကိုဇော်ဇော်ထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ