လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ

  • 7 ဩဂုတ် 2013
paddy flood
Image caption အောက်ပြည်မှာ ၂ နှစ်ဆက် ရေကြီးခဲ့

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။

မှန်းထားတဲ့ စိုက်ဧက ၁၆ သန်း ရဲ့ တဝက် မရှိတရှိ သာ စိုက်ပျိုး ပြီးစီး သေးတာ၊ စိုက်ပျိုး စရိတ် ချေးငွေတွေ အချိန်မီ မရ တာတွေ ကြောင့် မိုးစပါး စိုက်ပျိုးမှုကို အချိန်မီ ပြေလည်အောင် ဖြေရှင်း ပေးဖို့ လိုတယ် လို့ လယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ရေကြီးမှု တွေကြောင့် ကရင်နဲ့ မွန်ပြည်နယ်မှာ စပါး စိုက်ဧက ၃ သောင်းကျော် ပျက်စီး သွားတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

ဧရာတီတိုင်းနဲ့ ရန်ကုန်တိုင်း တွေမှာလည်း ရေကြီးလို့ စပါး စိုက်ဧက တသိန်းကျော် ပျက်စီး သွားပြီ ဖြစ်ပါတယ်။

မြန်မာပြည် အလယ်ပိုင်း မှာလည်း မိုးခေါင်တဲ့ အတွက် စပါး မစိုက်နိုင် တာကြောင့် လာမယ့်နှစ် စပါး အထွက် နှုန်း စိုးရိမ်ရတယ် လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အစိုးရက ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အကူအညီ ပြန်ပေးမယ်လို့ ပြောပေမယ့် လည်း တခြားနေရာ အတွက်တော့ ပြောဆိုမှု မရှိသေးဘူး လို့ ဆိုပါတယ်။

မနှစ်ကလည်း ဧက ၃ သိန်း ရေနစ် ခဲ့ပြီး အစိုးရက မျိုးစပါးပဲ ကူခဲ့လို့ လယ်သမား တွေ အရှုံးပေါ် ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ