စစ်တွေမှာ ရဲက ပစ်လို့ လူအချို့ ဒဏ်ရာရ

  • 9 ဩဂုတ် 2013
Burma Police
Image caption ရဲနဲ့ ဒုက္ခသည်တွေ မကြာခင်ကလည်း အဓိကရုဏ်းတွေဖြစ်ခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး အုန်းတောကြီး ကယ်ဆယ်ရေးစခန်းမှာ သောကြာနေ့ မနက်က ရဲနဲ့ မွတ်ဆလင်တွေ အဓိကရုဏ်းဖြစ်ပြီး ရဲက ပစ်ခတ်ခဲ့တဲ့အတွက် လူတချို့ ဒဏ်ရာရသွားပါတယ်။

ချောင်းဝမှာ သေဆုံးနေတဲ့ မွတ်ဆလင်အမျိုးသမီး အလောင်းကို မွတ်ဆလင် ထုံးတမ်းနဲ့အညီ နေ့ချင်း သင်္ဂြိုဟ်ဖို့ ဒေသခံတွေ သွားတောင်းရာမှာ ရဲကလည်း မှုခင်းမှုရာ စစ်ဆေးဖို့ ရှိတာကြောင့် ခွင့်မပြုရာက ပဋိပက္ခစတင်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ မွတ်ဆလင် အမျိုးသမီး ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ ရဲက စုံစမ်း စစ်ဆေးနေဆဲလို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ရဲကင်းနဲ့ အနီးက တဲတချို့လည်း မီးရှို့ခံရတယ်လို့ သိရပါတယ်။

မွတ်ဆလင် ဒေသခံ ငါးရာလောက်က စုရုံးလာတဲ့အတွက် လူစုခွဲဖို့ ရဲက ပထမ ခြောက်လှန့် ပစ်ခတ်ကြောင်း ဒါပေမယ့် ထိန်းမရလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့ရကြောင်း၊ သေဆုံးသူ မရှိပေမယ့် ဒဏ်ရာရသူ လေး ဦးခန့် ရှိကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ