မြန်မာလိဂ်ဘောပွဲ ရမ်းကားမှု စတင်ဖမ်း

  • 10 ဩဂုတ် 2013
_bbc_football_
Image caption ဘောလုံးပွဲ ရုတ်ရုတ်သဲသဲ

၂ဝ၁၃ မြန်မာလိဂ် ဘောလုံးရာသီ နောက်ဆုံး ပွဲစဉ် အဖြစ် နေပြည်တော် နဲ့ ရန်ကုန် အသင်း တို့ ကစားပွဲ မှာ ရမ်းကားခဲ့တဲ့ ပရိသတ် တချို့ ကို စတင်ဖမ်းဆီး နေပြီ လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီလို ဘောလုံးကွင်းထဲမှာ ကိုယ်အားပေး တဲ့ အသင်း မနိုင်ရင် ဖြစ်စေ၊ ဒိုင်လူကြီး ကို မကျေနပ်ရင် ဖြစ်စေ၊ ကစားကွင်း ထဲမှာ ဖျက်ဆီး တာ တွေကို နိုင်ငံတကာ မှာ ဘယ်လို အပြစ်ဒဏ် ပေးရမယ် ဆိုတာ ရှိပြီးသား ဖြစ်ကြောင်း၊ အပြစ် အကြီး အသေး ကွာဟမှု သာ ရှိပုံ ကို မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုလို ဘောလုံးကွင်း ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်မှု၊ ကွင်း ကို ဖျက်ဆီးမှု စတာတွေ ဟာ မကြာခင် မြန်မာ နိုင်ငံ မှာ အရှေ့တောင် အာရှ အားကစားပွဲ ကျင်းပတဲ့ အခါ အိမ်ရှင် နိုင်ငံ အနေနဲ့ လုံခြုံရေး ကို ပိုမို တင်းကြပ်ဖို့၊ မျက်နှာလွှဲ ခဲပစ် နေလို့ မဖြစ်ကြောင်း ဒီ အဖြစ် အပျက်က အချက်ပေး ခေါင်းလောင်းသံ ဖြစ်တယ်လို့ ဦးခင်မောင်ထွေး က ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ