ရန်ကုန် မြို့ပတ်လမ်း ဖောက်ဖို့ ငွေလို

  • 10 ဩဂုတ် 2013
highway
Image caption ကမ္ဘာ့ မြို့ကြီးများ ရင်ဆိုင်နေရတဲ့ ယာဉ်ပိတ်ဆို့မှု

ရန်ကုန် ယာဉ်ကြော ပိတ်ဆို့ မှု ပြဿနာ ဖြေရှင်းနိုင်ဖို့ မြို့ပတ်လမ်း တွေ တိုးချဲ့ ဖောက်လုပ်ဖို့ စီစဉ်မှု တွေ ရှိနေပါတယ်။

စဖြစ်နိုင်ရင် ရန်ကုန်မြစ် တဘက်ကမ်း ဆိပ်ကြီး ခနောင်တို မြို့နယ် ကနေ လှိုင်သာယာ ကိုပတ်ပြီး အင်းစိန် ဘက်ကို တက်တဲ့ လမ်းကို စတင် လုပ်မယ်လို့ မြို့ပြ ပညာရှင် ပါမောက္ခ ဒေါက်တာ ကျော်လတ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရ တွေမှာ ဖွံ့ဖြိုးရေး အတွက် သီးခြား ရန်ပုံငွေ မရှိလို့ ဗဟို အစိုးရ ဆီက တောင်းခံ နေရတဲ့ အတွက် မြို့ပြ အဆင့်မြင့် စီမံကိန်းတွေ အတွက် နှောင့်နှေး ကြန့်ကြာ မှုတွေ ရှိနေပါတယ်။

ရန်ကုန်မြေစျေး မတန်တဆ မြင့်တက် နေတာနဲ့ လယ်မြေတွေကို သိမ်းယူရင် ကာလ ပေါက်စျေး သတ်မှတ်ရ ခက်ခဲတာ ကလည်း တခြား အကြောင်း တချက် ဖြစ်တယ်လို့ ရန်ကုန် စည်ပင်ကို ကူညီနေတဲ့ ဒေါက်တာ ကျော်လတ်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ