ဘုရားဂေါပကတွေကို မဲပေး တင်မြှောက်မယ်

  • 11 ဩဂုတ် 2013
Image caption ဂေါပကတွေကို ပြည်ထောင်စု အဆင့်၊ တိုင်း ဒေသ ကြီး အဆင့်နဲ့ မြို့ နယ် အဆင့် ဆိုပြီး ၃ မျိုးခွဲမယ်

မြန်မာနိုင်ငံ တဝန်း စေတီ ဘုရား တွေမှာ ရှိတဲ့ ဂေါပက တွေကို အရည် အချင်း သတ်မှတ်ပြီး အများ ဆန္ဒနဲ့ မဲပေး ရွေးကောက် တင်မြှောက် သွားဖို့ ရှိတယ်လို့ ရွှေတိ ဂုံစေတီ တော် မှာ ကျင်းပတဲ့ လုပ်ငန်း ညှိ နှိုင်း အစည်း အဝေးမှာ သာသနာရေး ဝန်ကြီး အဖြစ် ဒီနှစ်ထဲ၊ စတင် တာဝန်ယူ လာတဲ့ ဦးစန်းဆင့်ဟာ ပြောကြား လိုက် ပါတယ်။

ဝန်ကြီးက ဂေါပက တွေနဲ့ ပတ်သက်ပြီး တိုင်ကြား တာတွေ ရှိတဲ့ အပြင် ကိုယ်ကျင့် သီလ နဲ့ ပက်သတ်ပြီး မေးခွန်း ထုတ်စရာ အခြေအနေတွေ ရှိနေတဲ့ အတွက် မြန်မာ တနိုင်ငံ လုံးမှာ ဂေါပက စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ပြီး အများက ရွေးချယ် နိုင်အောင် အခုလို လုပ်တာ ဆိုပြီး ပြောပါတယ်။

ဂေါပကတွေကို ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး အဆင့်နဲ့ မြို့ နယ် အဆင့် ဆိုပြီး ၃ မျိုးခွဲကာ၊ ဂေါပက စည်းမျဉ်းများ နဲ့ အညီ ခန့်အပ်သွား ဖို့ ရှိတယ် လို့ ပြော ပါတယ်။

ဒါ့အပြင် ရွေတိဂုံ စေတီတော် မှာ ၅ ခု မြောက် စောင်းတန်းသစ် ဆောက်လုပ်မယ့် အစီ အစဉ် ကို ဆရာတော် ကြီးတွေက ကန့်ကွက် မှုတွေရှိ တဲ့ အတွက် ဆိုင်းငံ့ လိုက်တယ် လို့ သာသနာရေး ဝန်ကြီး ဦးစန်းဆင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ