ဘောသမားတွေကို အဖွဲ့ချုပ်က ပြစ်ဒဏ်ပေး

  • 13 ဩဂုတ် 2013
football
Image caption နိုင်ငံတကာ စည်းကမ်း ပြစ်ဒဏ်တွေ ကို မြန်မာနဲ့ ကိုက်အောင် ပြင်

သြဂုတ်လ ၄ ရက် က နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကစားကွင်း ထဲက နေပြည်တော် နဲ့ ရန်ကုန် ကစားပွဲ မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်း ကြောင့် ဆိုင်ရာ အသင်းနဲ့ ကစား သမားတွေကို ဘောလုံး အဖွဲ့ချုပ်က ပြစ်ဒဏ်တွေ ချမှတ် လိုက်ပြီ လို့ သိရပါတယ်။

၂ဝ၁၃ မြန်မာလိဂ် ဘောလုံး ရာသီ နောက်ဆုံး ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရမ်းကားမှုဟာ အတော် ဆိုးရွားလို့ ပထမဆုံး အကြိမ် စုံစမ်း အရေးယူ ရတာ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ်တဲ့ စည်းကမ်း ပြစ်ဒဏ်တွေ ကို မြန်မာ့ အနေအထားနဲ့ ကိုက်အောင် ပြင်ဆင် ချမှတ်တဲ့ ပြစ်ဒဏ် တွေကို မဖြစ်မနေ လိုက်နာ ရမှာ ဖြစ်ကြောင်းနဲ့ မကျေနပ်ရင် အယူခံ ဝင်နိုင်တယ် လို့လည်း သိရပါတယ်။

နိုင်ငံတကာမှာ ၄ လ - ၆ လ နားခိုင်းတဲ့ ပြစ်ဒဏ် မျိုးကို တနှစ်မှ (၂၂) ပွဲ ကစား ရတဲ့ မြန်မာ ပြည်မှာ ၄ ပွဲ - ၆ ပွဲ နားခိုင်း တာမျိုးပဲ လုပ်တာပါ။

ပွဲခင်းမှာ ရဲနဲ့ စစ်တပ်လို လုံခြုံရေး မရှိဘဲ အရပ်သား လုံခြုံရေး ပဲ ရှိလို့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့ရတဲ့ အားနည်းချက်ကို ပြင်ဖို့ လိုတယ် လို့လည်း ခင်မောင်ထွေး (ပျဉ်းမနား)က ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ