ကျောက်ဆည် ရှစ်လေးလုံး ငွေရတု မင်းကုန်း မဟာ စာသင်တိုက်မှာ ကျင်းပ

Image caption ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန် ဆူးလေဘုရားရှေ့ မြင်ကွင်း

ပြီးခဲ့တဲ့ ၂၅နှစ် သြဂုတ်လ ၁၈ ရက်က အစပြုပြီး ၁၉ ရက်နေ့မှာ ကျောက်ဆည် မြို့လုံးကျွတ် နီးပါး တပါတီ အာဏာရှင် အလိုမရှိ ဆိုပြီး ဆန္ဒပြခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို အောင့်မေ့တဲ့ အနေနဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အခမ်းအနား လုပ်ခဲ့ပါတယ်။

မနေ့က ကျရောက်တဲ့ ကျောက်ဆည်မြို့ရဲ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲကို ကျောက်ဆည်မြို့က မင်းကုန်း မဟာ စာသင်တိုက်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ ကျင်းပတဲ့ ကျောင်းတိုက်ထဲမှာ ၈၈ ကာလက ကျောက်ဆည် သပိတ်မှာသုံးခဲ့တဲ့ လက်ပတ်တွေ အ၀တ်အစားတွေကို ပြသ ထားသလို အဲဒီကာလက ထုတ်ဝေခဲ့တဲ့ စာစောင်တွေနဲ့ ဓါတ်ပုံ တွေကိုလည်း ဝေဝေဆာဆာ ပြသထားတာကို တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ ၈၈ ကာလက ကျောက်ဆည်သပိတ်ကို ဦးဆောင်သူတွေက အမှတ်တရ စကားတွေ ပြောသလို အဖွဲ့အစည်းတွေက ပေးပို့တဲ့ သ၀ဏ်လွှာ တွေကိုလည်း ဖတ်ကြား ခဲ့ကြပါတယ်။

ဒီပွဲမှာ ထူးခြားတာကတော့ အမှာစကား ပြောသွားတဲ့ ခေါင်းဆောင်တွေ အတော်များများဟာ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီ အစစ်အမှန်ဟာ မရသေးတာကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှာ အဖုအထစ် ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုတယ် ဆိုတာကို ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

ကျောက်ဆည်ကို အလည်အပတ်ရောက်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အေဘီအက်စ်ဒီအက်ဖ်ရဲ့ ဥက္ကဌ ရဲဘော်သံခဲက အခုလို အခမ်းအနားမှာ အမှာစကား ပြောခဲ့ပါတယ်။ ရှစ်လေးလုံးကာလမှာ ကျောက်ဆည်သပိတ်ကော်မတီ ဥက္ကဌအဖြစ်တာ၀န်ယူခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် အငြိမ်းစား ကျောင်းဆရာကြီးလည်းဖြစ်တဲ့ အထက်တန်းပြ ဆရာဟောင်း ဦး၀င်းမြင့် ကတော့ လူကြီးလူငယ် ညီညွတ်မှ လိုရာပန်းတိုင် ရောက်နိုင်မယ့်အကြောင်း ပြောပါတယ်။

ဒီပွဲမှာ မန္တလေးမြို့က ရှစ်ဆယ့်ရှစ် ပွင့်လင်းအဖွဲ့တွေ၊ ဗကသ ကျောင်းသားတွေနဲ့ ကျောက်ဆည် အနီးပတ်၀န်းကျင်က ဧည့်ပရိတ်သတ် ၃၀၀ နီးပါး တက်ရောက်တာကို တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ