ရန်ကုန်မှာ ဆန်စျေး သိသိသာသာ တက်လာ

  • 19 ဩဂုတ် 2013
Rice
Image caption တရုတ်နိုင်ငံကနေ ဆန်ဝယ်လိုအားလည်း များလာ

ရန်ကုန်မြို့မှာ ဆန်ဈေးတွေ ပြီးခဲ့တဲရက်ပိုင်းက ၂၀ ရာခိုင်နှုန်းလောက် အထိ တက်သွားတယ်လို့ ဆန်ဆိုင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ဆန်အသစ် မပေါ်ခင် နှစ်စဉ် သြဂုတ်လမှာ ဆန်ဈေးတက်တာ မထူးခြားပေမယ့် ဒီနှစ် သြဂုတ်လကတော့ နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

လက်လီဈေးကွက်မှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေမှာ ဆန်တစ်ပြည်ကို ၃၀ဝ လောက် ထိ တက်ပါတယ်။

စျေးတက်လာတဲ့အတွက် ဆန်လက်လီ ဝယ်စားသူတွေ အနေနဲ့ အရင်လောက် များများ မဝယ်ကြဘူးလို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်က ထမင်းဆိုင်ကြီးအချို့ မှာလည်း ထမင်းအဝစား အရင် ကျပ် ၂၀ဝ၀ ကနေ ၂၃၀ဝ လောက် ဖြစ်သွားပါတယ်။

ဒီလို ဆန်စျေး နည်းနည်း တက်လာတာဟာ အထက်မြန်မာပြည်မှာ စိုက်ပျိုးရေရရှိမှု နည်းခဲ့တာကြောင့် ဆန်အထွက် နည်းတာရယ်၊ အိမ်နီးချင်း တရုတ်နိုင်ငံ ဝယ်လိုအား များလာတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဦးမျိုးသူရအေးက ပြောပါတယ်။

ဘု ရင့် နောင် ပွဲ ရုံဘက်က သတင်းတွေအရ ဆိုရင် ရန်ကုန်ကို ဆန်ဟောင်း အဝင် နည်းနေပြီးတော့ ဆန်သစ်မ ပေါ် ခင် မှာ လက်ကျန် ပြတ်နေကြတယ်လို့လဲ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်ကတော့ အရန် ဆန်ထဲကနေ ဆန်အိတ် ၆ သောင်း လောက် ထုတ်ရောင်းထားပြီး ဆက်ရောင်းဖို့ ရှိလို့ စျေးထပ်တက်ဖို့ မပူရဘူး၊ နောက်ပြီး ပြည်တွင်းစားသုံးဖို့ ဖူလုံတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ