ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်

  • 19 ဩဂုတ် 2013
ဆရာကြီး ဒဂုန်တာရာ
Image caption ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ် ထင်ရှားတဲ့ ဆရာကြီး ဒဂုန်တာရာ

ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆဖြင့် လွတ်လပ်သော အတွေးအခေါ် ကိုင်စွဲသူ မြန်မာ စာပေလောကမှာ ကဗျာခေတ်တခုကို ထူထောင်နိုင်ခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာဟာ တနင်္လာနေ့ နေ့လည်က အောင်ပန်းမြို့ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားပြီဖြစ်ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ ၉၄နှစ်ပြည့်ပြီး ၉၅နှစ်ထဲဝင်ရောက်ချိန်ဖြစ်ပါတယ်။ ဆရာကြီးဟာ မြန်မာ ကဗျာလောကမှာ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တဲ့နည်း ဆိုပြီး ငြိမ်းချမ်းရေး လမ်းစဉ် ကိုင်စွဲသူအဖြစ် စာပေ လောကမှာရော နိုင်ငံရေး လောကမှာပါ သြဇာကြီးမားတဲ့ အကန်တော့ခံ ပညာရှင်ကြီးလည်းဖြစ်ပါတယ်။

ဆရာကြီးရဲ့ စျာပနကို သြဂုတ်လ ၂၁ရက်မှာ ကျင်းပမယ်လို့ အောင်ပန်းမြို့မှာ ရှိတဲ့ ဆရာကြီးရဲ့ မြေးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။