ကင်တားနားခရီးစဉ် အတွင်းကန့်ကွက်မှုတွေရှိ

  • 20 ဩဂုတ် 2013
_quintana_sittwe_rakhine_
ကင်တားနားကို ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့

မြန်မာနိုင်ငံကို ရောက် နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား ဟာ သူ့ရဲ့ ခရီးစဉ် အဆုံးသတ်ပိုင်းမှာ အစိုးရအဖွဲ့ နဲ့ တွေ့ဆုံခဲ့ သလို အင်္ဂါ ညနေပိုင်း က တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဒီတစ် ခေါက် သူရဲ့ ၁၀ ရက်ကြာ ပြည်တွင်း လေ့လာရေး ခရီး စဉ် မှာ တော့ ကန့်ကွက်မှု တွေ ရှိခဲ့ပါတယ် ။

တနင်္လာညက လား ရှိုး အပြန် မန္ကလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အရပ်ဘက် အဖွဲ့ စည်း တွေ နဲ့ တွေ့ ခဲ့ တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာအင်္ဂါနေ့ မနက် ပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်မှာ လာရောက်တွေ့ ဆုံခဲ့ပါ တယ်။

ဒါ့အပြင် နေပြည်တော်မှာ အစိုးရအဖွဲ့ ကတာဝန် ရှိသူတွေ နဲ့ တွေ့ ဆုံခဲ့ပါတယ်။ နေ့လည် ပိုင်းက အစိုး ရ ဘက်က နိုင် ငံ ခြား ရေး ဝန်ကြီး၊ သမ္မ တရုံး ဝန် ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦး အောင် မင်း တို့ တွေ နဲ့ တွေ့ ခဲ့ ပေမဲ့ ဒီတစ်ခေါက် မှာတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန် ကြီးဦး ခင် ရီ နဲ့ မတွေ့ဆုံဖြစ်ဘူး လို့လည်း သိရပါ တယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ရဲ့ ဒီတစ်ခေါက် မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်လို့ အစိုးရဘက် က မှတ်ချက် ပေး ဖို့ စော သေး တယ် လို့ပြော ပေ မဲ့ အရင်တစ်ခေါက် သူ့ ရဲ့ မြန်မာနိုင်ငံ အပေါ် အစီ ရင် ခံ စာနဲ့ ပတ်သက် လို့ ပြီးခဲတဲ့ တခေါက်က ပြောတဲ့ အထဲမှာ ပကတိ အခြေအနေမှန် နဲ့ လွဲပြီး တဘက်သတ် ပြောတဲ့အပေါ်မှာ မူတည်ပြီး ကောက်ချက်စွဲထား တဲ့ အကြောင်း နဲ့ အခုခရီးစဉ် နဲ့ ပတ်သက် လို့တော့ သူပြန်သွားမှ ခြုံငုံသုံးသပ် ရမယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ရဲ့အခု တစ် ကြိမ်ခရီး စဉ် မှာ ထူး ခြား တာက တော့ ရခိုင်ပြည်နယ် ကိုသွားရောက် စဉ်မှာ လည်း ကန့်ကွက် ဆန္ဒထုတ်ဖော် ခြင်းခံခဲ့ရ သလို ကချင်ပြည်နယ် လိုင်ဇာကို သွားရောက်ခွင့် တောင်းရာမှာလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ခွင့်မပြူခဲ့ဘူးလို့ သိ ရပါတယ်။

မိထ္တီ လာ ကို ဖြတ်စဉ် မှာလည်း ကန့်ကွက်မှု တွေ ရှိ ခဲ့ ပါ တယ်။ မိထ္တီလာ ကို ဝင်မယ် ဆို လို့ တနင်္လာနေ့က ထောင်နဲ့ ချီ တဲ့ လူ အုပ်ကြီး ဟာ မိ တ္ထီလာ တံတား နားက စောင့်ပြီး ကန့်ကွက် ခဲ့ကြပါတယ်။

လူအခွင့်ရေး အထူး ကိုယ်စား လှယ် မစ္စတာ ကင်တားနား ဟာဗုဒ္ဓဟူးနေ့ မှာ တော့ သူရဲ လေ့ လာရေး ခ ရီး စဉ် ကိုအဆုံး သတ် ပြီး ရန်ကုန် မြို့ ကပြန် လည် ထွက်ခွာ မှာ ဖြစ် ပြီး တော့ ရန်ကုန် လေဆိပ် မှာ သူ့ရဲ့ ၁၀ ရက် ကြာ ခရီး စဉ် နဲ့ ပတ်သက် လို့ အ သေးစိတ် တွေ့ရှိချက် တွေ ကို သတင်းစာရှင်း လင်း ပွဲ ပြု လုပ်သွားမယ် လို့ သိရ ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ