KNU ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်အထိ ရောက်လာပြီလဲ

  • 23 ဩဂုတ် 2013
knu
Image caption ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ စတင်နိုင်ခဲ့

ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ဆောင် နေရာ မှာ အဆင့်ဆင့် လုပ်ငန်းစဉ်တွေအပေါ် စဉ်းစားချက် တွေ ပြောင်းလဲ ဖြစ်ပေါ် လာနေ ပါတယ်။

အစိုးရ အနေနဲ့ လာမယ့် အနာဂတ်မှာ တိကျတဲ့ အချိန်ဇယားနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်မယ် ဆိုတာ ကို သေသေချာချာ ကတိပြုတာ၊ အချိန်ကာလ သတ်မှတ်တာ တွေ ရှိမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ကိစ္စ ကို ပြည်ထောင်စု အဆင့် အဖြစ် အစိုးရနဲ့ လက်မှတ်ရေးထိုး သဘောတူနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အထဲ အင်အားကြီး အဖွဲ့ တဖွဲ့ဖြစ်တဲ့ KNU က ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် စောတာတိုမူး က ဘီဘီစီ ကို ပြောပါတယ်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ဖြစ်တဲ့ KNU က ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မပြုလုပ်ခင် နိုင်ငံရေး အရ ဆွေးနွေးပွဲ တွေ ကို အစိုးရ နဲ့ ပြုလုပ် ချင်ကြောင်း အရင်တုန်း က ပြောခဲ့ပါတယ်။

ဒါပေမယ့် အစိုးရဘက် ကတော့ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေ လုပ်ပြီးရင် ပိုကျယ်ပြန့်တဲ့ မူသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ လုပ်မယ်၊ နောက်တဆင့် ကျမှ တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ ညီလာခံ တခု လုပ်မယ် ဆိုတဲ့ ဆန္ဒရှိတယ် လို့ ဘီဘီစီ က သိရပါတယ်။

၂ ဘက်ကြား ဆွေးနွေးမှု တွေ လုပ်လာ တာနဲ့ အတူ အခုလို ပြောင်းလဲ စဉ်းစား ချက် တွေ ရှိပေမယ့်လည်း ၂ ဘက်ကြား အောက်ခြေ အဆင့်ဆင့် က အစ ယုံကြည်မှုတွေ တိုးလာအောင် လုပ်ဆောင်တာ၊ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတာ ကိုလည်း သေချာ ရေရာ အောင် အစိုးရ ဘက်က လုပ်ပါမှ ငြိမ်းချမ်းရေး ဖြစ်စဉ် က ရှေ့ဆက် တိုးလို့ရမှာ ဖြစ်ကြောင်း လည်း KNU ခေါင်းဆောင် တဦးဖြစ် တဲ့ စောတာတိုမူး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ