အင်ဒိုက မြန်မာရေလုပ်သားတွေ ပြန်ရေး ဆောင်ရွက်

  • 24 ဩဂုတ် 2013
Image caption မြန်မာနိုင်ငံ ကနေ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ဝင်ပြီး ငါးခိုး ဖမ်းလို့ အဖမ်းခံ ရတာမျိုး မဖြစ် နိုင်

အင်ဒိုနီးရှား ရေပိုင်နက် ထဲမှာ ဝင်ရောက်ပြီး ငါးခိုး ဖမ်းခဲ့တယ် ဆိုတဲ့ ပစ်မှုနဲ့ အင်ဒိုနီးရှား အကျဉ်းထောင် တွေထဲမှာ ပြစ်ဒဏ် ကျခံခဲ့ ရတဲ့ မြန်မာ ရေလုပ်သား တွေ၊ ပြစ်ဒဏ် ပြည့်လို့ မြန်မာ နိုင်ငံကို ပြန်လည် ခေါ်ဆောင်ဖို့ စီစဉ် ဆောင်ရွက် နေကြပြီ ဖြစ်ပါတယ်။

အခုလို ပြန်ခေါ်ဖို့ကို အင်ဒိုနီးရှားက ဆက်သွယ် လာခဲ့တာ ဖြစ်ပြီး၊ အခုတော့ ပြန်ခေါ်ဖို့ အတွက် မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနက ဦးဆောင် စီစဉ် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလူတွေဟာ မြန်မာ နိုင်ငံသား ဟုတ်မဟုတ် ဆိုတာ စစ်ဆေးပြီးရင်၊ ပြန်ခေါ်လို့ ရပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း ရှင်များ အသင်းက အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဦးဝင်းကြိုင်က ဘီဘီစီကိုပြောပါတယ်။

နောက်ပြီး သူတို့ တတွေဟာ မြန်မာနိုင်ငံ ကနေ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ဝင်ပြီး ငါးခိုးဖမ်းလို့ အဖမ်းခံ ရတာမျိုး မဖြစ် နိုင်ဘဲ၊ ထိုင်း ငါးဖမ်း လှေတွေမှာ အရောင်း စား ခံခဲ့ ရတဲ့ မြန်မာ လူမျိုးတွေ ဖြစ်နိုင် တယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ