မြန်မာ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆွေးနွေး

  • 26 ဩဂုတ် 2013
_bbc_village_
Image caption ကျေးရွာနေ ပြည်သူ့ အရေး ဖြေရှင်းပေး

သမ္မတ ဦးသိန်းစိန်က ကျေးလက် နေ ပြည်သူတွေ ဆင်းရဲ မွဲတေမှု ပပျောက်ရေး အတွက် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လို့ ခေါင်းစဉ် တပ်ပြီး ကြိုးပမ်း နေသလို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ ရဲ့ အင်အား လိုကြောင်း မနေ့က ဆွေးနွေးပွဲ မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၂၆ ရာခိုင်နှုန်း ဆင်းရဲ မွဲတေမှု တွေ ရှိနေတာကို လာမယ့် ၂၀၁၅ ခုနှစ် မှာ ၁၆ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်အောင် အစိုးရ က ကြိုးပမ်း နေတာပါ။ အခု သြဂုတ်လ ထဲမှာတင် ကျေးလက် လမ်းတံတား တည်ဆောက် ပြုပြင် ပေးတာတွေ၊ ကျန်းမာ သန့်ရှင်းရေး လုပ်ငန်းများ၊ နေရပ် ပြောင်းရွှေ့ သူတွေ အတွက် အိမ်ယာ ဆောက်ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်း အထောက် အကူ ပေးခြင်း စတာတွေ ပါဝင် ပါတယ်။

ဒါပေမယ့် ပြည်တွင်းက လူမှုရေး မိတ်ဖက် အဖွဲ့အစည်းတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေ ကို ကူညီ ပံ့ပိုးဖို့ ပြောကြပေမယ့် အသင်းအဖွဲ့ တွေ ကို မှတ်ပုံတင် ခွင့် ပေးရေး အပိုင်း မှာ အခက်အခဲ တွေ ရှိနေဆဲပါ။ ဒီ အစည်းအဝေး က ရလာတဲ့ မူဘောင် တွေ ကို အစိုးရ က အရပ်ဘက် အဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ကော်မတီ ဖွဲ့ယင်း အမြန်ဆုံး အကောင် အထည်ဖေါ် မယ် လို့လည်း ဆိုပါတယ်။

ဒီ ဆွေးနွေးပွဲ ကို ကုလ ဌာနေ ကိုယ်စားလှယ်၊ အစိုးရ ဝန်ကြီးများ၊ USAID, FAO စတဲ့ အလှူရှင် အဖွဲ့ တွေနဲ့ လူမှု အသင်းအဖွဲ့ တွေ လည်း တက်ရောက် ဆွေးနွေး ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ