ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်

  • 25 ဩဂုတ် 2013
Kantbalu
Image caption ဒီနှစ်ဆန်းကစလို့ အဓိကရုဏ်းတွေ မကြာမကြာဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေးလူမျိုးရေး ဆက်နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တချို့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ညနေပိုင်းကနေ လူရာနဲ့ချီ စုဝေးခဲ့ကြပြီး ညနက်ပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထန်းကုန်းရွာက အပြန်မှာ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင် လူငယ်တစ်ဦးက ဖက်ဖို့ ကြိုးစားရာမှာ မိန်းကလေးက ထွက်ပြေးခဲ့ပြီးနောက် ပဋိပက္ခစဖြစ်တာလို့ ကန့်ဘလူ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလူငယ်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲလို့ ရဲအရာရှိက ပြောပါတယ်။ မနက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကန့်ဘလူ မီးသတ် ဌာနကလည်း ထန်းကုန်းကို မီးသတ်ကား အတော်များများ သွားပြီး မီးငြိမ်းသတ် နေရတဲ့အကြောင်း အတည်ပြု ပြောပေမယ့် အိမ်ဘယ်နှစ်လုံး လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ