ဂျပန် ANA က မြန်မာ AWA မှာ ရှယ်ယာဝင်မယ်

  • 27 ဩဂုတ် 2013
japan ana to burma awa
Image caption ANA လေကြောင်းလိုင်းဟာ ဈေးကွက်သစ်တွေ ချဲ့ထွင်ဖို့ အားသန်နေခဲ့

ဂျပန်နိုင်ငံက All Nippon Airways အေအန်အေ လေကြောင်းလိုင်းကနေ မြန်မာနိုင်ငံက Asia Wings Airways လေကြောင်းလိုင်းမှာ ဒေါ်လာ ၂၅ သန်းဖိုး (ရှယ်ယာ ၄၉ ရာခိုင်နှုန်း) ထည့်ဝင်တော့မှာ ဖြစ်တယ်လို့ ဂျပန် ANA လေကြောင်းက ပြောကြားပါတယ်။

Asian Wings Ariways ဟာ ပြည်တွင်းမှာ ပြေးဆွဲ နေတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလက စလို့ ပြည်ပ နိုင်ငံတွေနဲ့ စတင်ပြေးဆွဲဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီ တစ်ခုကနေ မြန်မာ ပြည်တွင်း လေကြောင်းလိုင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံတာဟာ ဒါ ပထမဆုံး ဖြစ်ပါလိမ့်မယ်။

တိုကျို စတော့ရှယ်ယာ စျေးကွက်မှာ ANA ရဲ့ ရှယ်ယာစျေး သုည ဒသမ ၉၅ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။